တိုင်းရင်းသားအရေး တိုးတက်ဖို့ လိုသေးတယ်လို့ ကုလကိုယ်စားလှယ်က ဝေဖန်

အားရစရာ အပိုင်းတွေရှိပေမဲ့ တိုင်းရင်းသား အရေးကိစ္စတွေမှာ ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ လိုသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက ဒီနေ့ ပြောလိုက်ပါတယ်။

2011.11.04
nambiar1-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်။
NLD

မြန်မာနိုင်ငံ သုံးရက်ကြာ ခရီးစဉ် နောက်ဆုံးနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားတာလို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက် တစ်ဦးက ပြောပြပါတယ်။

မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မနေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနေ့မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် မနက်ပိုင်းမှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်မြို့ UNDP ကုလသမဂ္ဂ အစီအစဉ်ရုံး ပြောခွင့်ရသူ ဦးအေးဝင်းက ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၃၁ ရက်က ရောက်ရှိလာတာပါ။ သူ့ခရီးစဉ်ဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလမှာ မစ္စတာ နမ်ဘီးယား မြန်မာနိုင်ငံ ရောက်လာပြီး အဲဒီတုန်းက စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-04 13:30

It has been a "major issue" in fact, the root of civil war and battle. Indigenous people have been baned to take place by hierachical range as well as the higher possition although they are qualified and literati. Particularly non-Buddha religious group. Therefore, as long as these essential aspects are not reformed our country will still undeveloped process.