ကုလ အထူးကိုယ်စားလှယ် နမ်းဘီးယား သံတွဲမြို့လေ့လာ
2013.09.02

ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအရာရှိ Vijay Nambiar ဟာ အရင်နှစ်က အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့တဲ့ သံတွဲမြို့ကို သွားရောက်လေ့လာ ခဲ့ပါတယ်။
မစ္စတာ နမ်းဘီးယားဟာ သံတွဲမြို့မှာ ရခိုင်တိုင်းရင်း သားတွေနဲ့ အစ္စလာမ်ဘာသာဝင် နှစ် ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ သံတွဲမြို့ခံ ဦးဝင်းနိုင်က ပြောပါတယ်။
“မစ္စတာ နမ်းဘီးယားက မနက် ၁ဝ နာရီမှာ သံတွဲမြို့ကို ရောက်လာပြီးတော့ ခရိုင်အစည်း အဝေးခန်းမမှာ အစည်းအဝေးလုပ်တယ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ ဖိတ်တယ်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေပါတယ်၊ သူတို့နဲ့ တွေ့ဆုံခဲ့တယ်”
မစ္စတာ နမ်းဘီးယားဟာဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား လူ့အဖွဲ့အစည်းနှစ်ခု ပြန်လည် သင့်မြတ်ရေးကိစ္စရပ်တွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မနေ့က ညနေပိုင်းမှာ စစ်တွေမြို့နယ် ဘောဒူဘဒုက္ခသည်စခန်းနဲ့ သံချောင်ဒုက္ခသည်စခန်းတွေ ကို သွားရောက်လေ့လာခဲ့သလို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်ခေါင်းဆောင်တချို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။