နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကို သြင်္ဂိုဟ်ပေးသူများ ထောင်နှစ်စေ့ပြီး ပြန်လွတ်လာ
2011.01.26

(Photo: AFP)
ဒေါက်တာနေဝင်းကို
ကရင်ပြည်နယ် ဖားအံထောင်၊ ဦးအောင်ကျော်ဆန်းကို ရှမ်းပြည်နယ် တောင်ကြီးထောင်နဲ့ ဦးဘုန်းပြည့်ကြွယ်ကို
ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပြန်လွှတ်ပေး လိုက်တာပါ။
ဒါနဲ့ပတ်သက်လို့ ဖားအံထောင်က ပြန်လွတ်လာတဲ့ ဒေါက်တာနေဝင်းက RFA ကို အခုလို ပြောပါတယ်။
“ကျွန်တော် ၈ နာရီကျော်ကျော်လောက် လွတ်တယ်ခင်ဗျ။ ကျွန်တော်တို့ ကျတာ ၂ နှစ် ကျတာလေ။ အခုဟာ ၂ နှစ်နဲ့ ၇ လ နေလိုက်ရတာပေါ့။ ကျွန်တော်တို့ တရားစွဲခံရပြီး ထောင်ချခံရတာ ၆ ယောက်ဗျ။ ၆ ယောက်မှာ ၃ ယောက်က ၂ နှစ်စီ၊ ၃ ယောက်က ၄ နှစ်စီပေါ့။ အခု ၂ နှစ် ၃ ယောက်က လွတ်တယ်ပေါ့ဗျာ။ ကိုအောင်ကျော်ဆန်းရယ်၊ ကိုဘုန်းပြည့်ကြွယ်ရယ်၊ ကျွန်တော်ရယ်ပေါ့နော်။”
ဒေါက်တာနေဝင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင်လည်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး လက်ရှိ မော်လမြိုင်ထောင်မှာ ကျခံနေရတာ ဖြစ်ပါတယ်။
ထောင်မှ ပြန်လွတ်လာသူ ဒေါက်တာနေဝင်းကို RFA မှ ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |