အခကြေးယူ ဆန္ဒပြတယ်ဆိုတဲ့ သမ္မတပြောဆိုချက်အပေါ် ကန့်ကွက်ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုံးလှ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀ ဦးလောက်ဟာ ရန်ကုန်မြို့ တာမွေအဝိုင်းကနေ ဆူးလေဘုရားအထိ ဒီနေ့ညနေပိုင်းက ဆန္ဒပြလမ်းလျှောက်ကြပါတယ်။

အခကြေးငွေယူပြီး ဆန္ဒပြတယ်ဆိုတဲ့ သမ္မတရဲ့ပြောဆိုချက် ကို မကျေနပ်တဲ့အတွက် မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့ မှာ နော်အုန်းလှနဲ့အဖွဲ့ ဆန္ဒပြနေကြစဉ် photo : RFA / Myo Zaw Ko

နိုင်ငံရေး အကျဉ်းသူဟောင်း နော်အုန်းလှ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၀ ဦးလောက်ဟာ ရန်ကုန်မြို့ တာမွေအဝိုင်းကနေ ဆူးလေဘုရားအထိ ဒီနေ့ညနေပိုင်းက ဆန္ဒပြလမ်းလျှောက်ကြပါတယ်။

အခုလို ဆန္ဒပြလမ်းလျှောက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နော်အုန်းလှက သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“အန်တီတို့က လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေးနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ၊ ကိုယ့်နိုင်ငံမှာ မတရားဖိနှိပ်မှုတွေကို အန်တီတို့က ဝိုင်းကူညီတယ်၊ ဒါကို သမ္မတက အမေရိကန် သွားတဲ့အခါကျတော့ နေ့စားခယူပြီးတော့ လုပ်တာဆိုပြီးပြောတယ်၊ အဲဒါကို အန်တီတို့က ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”

ဆန္ဒပြသူတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသပ်ရပ်စဲရေး၊ လက်ပံတောင်းတောင်ဒေသမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

နော်အုန်းလှအပါအဝင် ၁၀ ဦး ကျော် ပါဝင်ခဲ့တဲ့ ဆန္ဒပြလမ်းလျှောက်သူတွေကို မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက တားဆီးသတိပေးခဲ့ပေမယ့် ဖမ်းဆီးအရေးယူတာတွေတော့ မရှိခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ ကြိုတင်ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

နော်အုန်းလှကို RFA သတင်းထောက် မရတနာ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org