နေပြည်တော် မြေအောက် ရထားလမ်း ရုရှ ဦးစားပေး စီစဉ်နေ

မြန်မာအစိုးရရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ မက်ထရို မြို့ပတ် မြေအောက်ရထားလမ်း ဖေါက်လုပ်ရေး လုပ်ငန်းအတွက် ကန်ထရိုက် ရထားတဲ့ ရုရှားကုမ္ပဏီဟာ ပြည်တွင်း မြေအောက် ရထားလမ်း စီမံကိန်းတွေ ထက် နေပြည်တော် စီမံကိန်းကို ပိုပြီး အားစိုက် ဆောင်ရွက် နေတယ်လို့ The Moscow News က မနေ့က ဖေါ်ပြ လိုက်ပါတယ်။

2011.08.05
naypyidaw-station2-305 မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့တွင် အသစ်စက်စက် ဆောက်လုပ်ပြီးစ ရထားဘူတာကို သန့်ရှင်းရေး လုပ်နေသည့် အလုပ်သမားများ ဖြစ်ပါသည်။
AFP

နေပြည်တော် မြေအောက် ရထားလမ်းအတွက် တိုင်းတာရေးနဲ့ ပုံစံထုတ်တဲ့ အဆင့်တွေပြီးစီး သွားပြီလို့ အမည်မသိရသေးတဲ့ ရုရှကုမ္ပဏီရဲ့ စီမံကိန်း အရာရှိ တစ်ယောက်က ပြောပါတယ်။ နေပြည်တော် မြေအောက် ရထားလမ်းဟာ မိုင် ၃၀ ကျော်ရှည်မှာ ဖြစ်ပြီး မော်စကို မြေအောက် ရထားလမ်းထက် သုံးဆ ပိုရှည်တယ် လို့လည်း ဆိုပါတယ်။

ရုရှနိုင်ငံမှာ မက်ထရို မြို့ပတ် မြေအောက် ရထားလမ်းတွေ တိုးချဲ့ပြုပြင်ရေး စီမံကိန်းတွေ ရှိနေပေမယ့် ငွေကြေး အခက်အခဲ ရှိနေပါတယ်။ မော်စကိုမြို့တော် အပါအဝင် စိန့်ပီတာစဘတ်၊ ကာဇန်၊ Nobosibirsk မြို့တွေမှာ မက်ထရို ရထားလမ်း စီမံကိန်းတွေ နှေးကွေး ဆိုင်းငံ့ ထားရပေမယ့် ရုရှ ကျွမ်းကျင်သူတွေနဲ့ ရုရှ ဆောက်လုပ်ရေး လုပ်သား အများအပြားကတော့ နေပြည်တော် မက်ထရို စီမံကိန်းသစ် အတွက် အသင့် သုံးနိုင်တယ်လို့ မော်စကို သယ်ယူ ပို့ဆောင်ရေး ဌာန အကြီးအကဲ Vorontsova က ပြောပါတယ်။

နေပြည်တော် မက်ထရိုမြို့ပတ် ရထားလမ်းဟာ မြေအောက် ဘယ်လောက်အနက် အထိရှိမယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် လက်ရှိမော်စကို မြေအောက်ရထားလမ်း အနက်အတိုင်းပဲ ဖြစ်မယ်လို့ Vorontsova က ခန့်မှန်းပါတယ်။ မော်စကို မြေအောက် ရထားလမ်းကို ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်း အဖြစ် အသုံးပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-05 08:05

ဆိုတာ မှားနေပါတယ်။
တစ်ကယ်ကတော့ နည်းပညာ အခက်အခဲပါ။
ရုရှားတွေက သူတို့ရဲ့ မသေချာမရေရာ တဲ့ ပုံစံ တွေကို ဗမာပြေ မှာ စမ်းကြည့် ဘို့ လုပ်နေတာပါ။ တစ်ဝက်ဈေး နဲ့တောင်လုပ်ပေးမှာပါ။ ရုရှားတွေက ဗော့ဒကာ မော့နေပေမဲ့ မြေပိသေမှာတော့ ကြောက်တတ်ပါသေးတယ်။
ဗမာတွေလား--
ပြောမနေပါနဲ့တော့ဗျာ--