ဖွဲ့စည်းပုံ တပ်မတော်အထိမခံလို့ ဖက်ဒရယ်ပြည်ထောင်စု အလှမ်းဝေးနေကြောင်း RCSS ပြော


2019.05.14
nca-s-eao-summit-622.jpg အပစ်ရပ် ၁၀ ဖဲ့ွ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၂၀၁၉၊ မေ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: Aung Moe Myint/ RFA

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထိမခံဘဲ ဖြစ်နေတာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းကွာဝေးနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ အပစ်ရပ် ၁၀ ဖဲ့ွ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောလိုက်ပါတယ်။

အစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားရာမှာ NLD အစိုးရလက်ထက် ၂၁ ရာစု ပင်လုံကို သုံးကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူ ကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ဖြစ်ပြီး တပ်မတော်ကလည်း အခိုင်အမာ ကိုင်စွဲထားမှုတွေကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော် ကာလအတွင်းမှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လေးကြိမ် သို့မဟုတ်၂၁ ရာစု ပင်လုံ သုံးကြိမ် တိုင်တိုင် ကျင်းပနိုင်ခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ မရရှိခဲ့သေးဘူးလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ငါးရက်ကြာ ကျင်းပမည့် ဒီအစည်းအဝေးမှာတော့ PPST ဖွဲ့စည်းပုံကိစ္စ၊ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေးကိစ္စတွေအပါအဝင် NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားကြဖို့ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။