အမျိူးသား ဒီမိုကရေစီ အင်အားစု နိုင်ငံရေးသင်တန်းများ စတင်
2011.08.03

(Photo: AFP)
အဲဒီ နိုင်ငံရေး သင်တန်းအစီအစဉ်အရ ဒီကနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဦးမြင့်က လာရောက် ပို့ချဖို့
ရှိတယ်လို့ အဲန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အာအက်ဖ်အေကို ပြောပါတယ်။
“ဒီနေ့မနက် ၉ နာရီကနေ ၁၂ နာရီမှာ ဆရာကြီးလာပြီးတော့ စီးပွားရေးအကြောင်း ပို့ချမှာပါ။ ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ နိုင်ငံရေး၊ စီးပွားရေ၊
လူမှုဆက်ဆံရေး၊ ပတ်ဝန်းကျင် လေ့လာရေး၊ လူထုဆက်ဆံရေး အစရှိတဲ့ သင်တန်းတွေကို ပါတီက ဦးဆောင်ပြီး ပို့ချတာ ဖြစ်ပါတယ်”
ဒီသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ အတွက် သုံးလ အချိန်ယူ စီမံခဲ့ရပြီး ကုန်ကျစရိတ် တချို့တဝက်ကို ပေးလှူတဲ့ အလှူရှင်တွေလည်း ရှိတယ်လို့
ဦးခင်မောင်ဆွေက ဆိုပါတယ်။
အခုဖွင့်လှစ်တဲ့ သင်တန်းကို အောက်မြန်မာပြည်က NDF ပါတီဝင်တွေ အတွက် အဓိကထား ဖွင့်လှစ်တာလို့သိရပါတယ်။ သြဂုတ်လ အကုန်မှာ
အထက်မြန်မာပြည်က ပါတီဝင်တွေ အတွက် မန္တလေးမြို့မှာ အလားတူ သင်တန်းမျိူး ဆက်လက် ဖွင့်လှစ်သွားမယ်လို့လဲ ဦးခင်မောင်ဆွေက
ပြောသွားပါတယ်။