နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး စတင်ကျင်းပ
2014.11.12

တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ တက်ရောက်နေတဲ့ နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က သုခခန်းမမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ကျောင်းသားထုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနိုင်တဲ့ ကျောင်းသားသမဂ္ဂဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
"အင်မတန် သမိုင်းအရှိန်အဝါကြီးတဲ့ အရေးပါ တဲ့ ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဒီနေ့ခေတ် ဒီနေ့အခါနဲ့ နိုင်ငံတကာ အခြေအနေတွေနဲ့ ဆက်စပ်စဉ်းစားပြီးတော့ ကျောင်းသားထုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနိုင် တဲ့ ကျောင်းသားသမဂ္ဂဖြစ်အောင် ခင်ဗျားတို့ကိုယ်တိုင် ခင်ဗျားတို့လက်နဲ့ ထုဆစ်ပါ"
အဲ့ဒီအစည်းအဝေးကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်တွေ တက်ရောက်နေကြပါတယ်။
အဲဒီဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို အဓိကထားဆွေးနွေးကြ မှာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။