အမျိုးသား မြေယာမူဝါဒရေးဆွဲရေး ကွန်ရက်ဖွဲ့စည်း
2015.11.23
တောင်သူလယ်သမား အရေးနဲ့ပြည်သူ့အကျိုးစီပွား ဆောင်ရွက်နေတဲ့ အဖွဲ့ ၃၄ ဖွဲ့ စုပေါင်းပြီး Network for National Land Reform အမျိုးသားမြေယာ မူဝါဒ ရေးဆွဲရေးကွန်ရက် ဖွဲ့စည်းလိုက်ပါတယ်။
UNDO ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ရုံးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသား လယ်သမားသမဂ္ဂ ဖွဲစည်းနိုင်ရေး တောင်သူလယ်သမားညီလာခံမှာ ဖွဲ့စည်းလိုက်တာပါ။
တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေ အကျိုးစီးပွား ဖြစ်ထွန်းဖို့ ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်တယ်လို့ တောင်သူ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဦးဇော်ရမ်း က ပြောပါတယ်။
မြန်မာနိုင်ငံမှာ NNER- National Network for Education Reform ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ရှိပြီး လယ်ယာစိုက်ပျိုးရေး အခြေခံတဲ့ တိုင်းပြည်မှာ မြေယာမူဝါဒဆိုင်ရာ ကွန်ရက် မရှိသေးဘူးလို့ ပြော ပါတယ်။
NNER မှာ ဆရာများတွေ၊ ပညာရှင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကာလ အတွင်း လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဦးဆောင် ပါဝင်ဆွေးနွေးခဲ့တဲ့ အစဉ်အလာတွေလည်းရှိတာမို့ မြေယာမူဝါဒရေး ရာတွေ ရေးဆွဲ အကောင်အထည်ဖော်ရေး ဒါမှမဟုတ် ဆွေးနွေးရေးတွေ မှာ တောင်သူလယ်သမားတွေ၊ အကျိုးဆောင်တွေနဲ့ ပညာရှင်တွေ ပါဝင်နိုင်အောင် ဖွဲ့စည်းလိုက်တာလို့လည်း ပြောပါတယ်။
အဲဒီ အဖွဲ့ ၃၄ ဖွဲ့မှာ တောင်သူလယ်သမားရေးရာ အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ လူငယ်ကွန်ရက် အဖွဲ့တွေ၊ သဘာဝသယံဇာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့နဲ့ ရှေ့နေအဖွဲ့ စတာတွေ ပါဝင်ပါတယ်။
အခု ပြည်နယ်နဲ့ တိုင်းအလိုက်ကော်မီတီတွေ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ဦးဇော်ရမ်း ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။