မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်သစ် ခန့်မယ်လို့ ကမ္ဘောဒီးယားပြော

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို ခန့်အပ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က ဒီနေ့ ပြောလိုက်ပါတယ်။ ဖနွမ်းပင်မြို့တော်က ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်းအနားမှာ ကြေညာလိုက်တာပါ။
ကမ္ဘောဒီးယားဟာ ၂၀၂၂ အတွက် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူရပါမယ်။ Mr Sokhonn က အာဆီယံ အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး-၂ Erywan Yusof ရဲ့ အရိုက်အရာကို ဆက်ခံရပါမယ်။
အာဆီယံ ခေါင်းဆောင်တွေ ဧပြီလက သဘောတူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ အထူးသံတမန် ခန့်အပ်တာပါ။
မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်မှာ သွားရောက်မယ်လို့လည်း Mr Hun Sen က ပြောပါတယ်။ ၂၀၂၂ အတွက် အာဆီယံ ဥက္ကဋ္ဌအဖြစ် အာဆီယံကို စည်းလုံးတဲ့ မိသားတစ်စုဖြစ်အောင် အကောင်းဆုံး ဆောင်ရွက် မယ်လို့လည်း သူက ပြောပါတယ်။