ဒု ဗိုလ်ချုပ်မှူးကြီး သတင်းအတွက် ဂျာနယ် ၂ စောင် သတိပေးခံရ

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက်မရှိဘဲ ဖော်ပြခဲ့တဲ့အတွက် ရန်ကုန်တိုင်းမ်စ် ဂျာနယ်နဲ့ ဗီးနပ်စ် သတင်းဂျာနယ် နှစ်စောင်ကို စာပေစိစစ်ရေးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

2012.07.12
myanmar-times-0712-b305 ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး စင်္ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သတင်းကို ရန်ကုန်တိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားပုံ။
Photo:Yangon Times Journal

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး လေဖြတ်ဝေဒနာ ခံစားရပြီး စင်္ကာပူနိုင်ငံမှာ ဆေးကုသမှု ခံယူနေရတဲ့ သတင်းကို ထုတ်ေ၀ ဖြန့်ချိခဲ့တာနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေးခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတော် အကြီးအကဲ တစ်ဦးရဲ့ သတင်းကို ခွင့်ပြုချက် မရှိဘဲ ထည့်သွင်းဖော်ပြတာဟာ စည်းကမ်း ချိုးဖောက်မှုကြီး ဖြစ်ကြောင်း၊ နောက်နောင် စာပေစိစစ်ရေး ခွင့်မပြုတဲ့ သတင်းတွေကို ဆက်လက် ထည့်သွင်း ဖော်ပြမယ်ဆိုရင် ဂျာနယ် ထုတ်ဝေခွင့်ကို အပြီးအပိုင် ရုပ်သိမ်းမှာ ဖြစ်ကြောင်းနဲ့ လတ်တလောမှာ စာပေစိစစ်ရေး ရှိနေသေးကြောင်း၊ ၁၉၆၂ ပုံနှိပ် အက်ဥပဒေ အသက်ဝင် နေသေးကြောင်း သတိပေး ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းမ်စ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးလှိုင်ဘွားကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။