ဆိပ်ဖြူမြို့နယ် ရှားလှရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံး

2022.02.05
ဆိပ်ဖြူမြို့နယ် ရှားလှရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံး မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှရွာက အခမဲ့ဆေးကုသပေးနေတဲ့ ဆေးခန်း မီးရှို့ခံထားရတာကို ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ရှားလှရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်က ကိုးယောက် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကိုဝင်စီးပြီး အိမ်တွေနဲ့ အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးခန်းကိုပါ မီးရှို့ခဲ့ကြတာလို့ မကွေး PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်က ပထမနေ့ကတည်းက ရွာကိုမီးရှို့ပြီး ရွာသားတွေကို လူသားဒိုင်းနဲ့ တက် လာတာ။ အဲနေ့က စစ်တပ်က တစ်ယောက်ကျတယ်။ ပြီးတော့ ရွာသားတွေကို ဓားစားခံလုပ်ထားတယ်။ အခုတော့ ကယ်ထုတ်နိုင်ခဲ့တယ်"

ပြည်သူ့စွမ်းအား တပ်ပေါင်းစုအဖွဲ့၊ ပေါက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မကွေး PDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂ ရက် ကနေ ၄ ရက်အထိ လေးရက်ကြာတိုက်ပွဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန် ထိလည်း စစ်ရေးတင်းမာနေဆဲပဲလို့ ပြောပါတယ်။

ရွာသား ၁၅ ဦးလောက်ကိုလည်း လက်ပြန်ကြိုးတုပ်ကာ လူသားဒိုင်းအသုံးပြုခဲ့ကြပြီး အသက် ၆၉ နှစ်အရွယ် အဖွားအိုတစ်ဦးလည်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ အချက် ၃၀ ထက်မနည်း ရွာတွေဘက်နဲ့ PDF တွေရှိတဲ့နေရာကို ဦးတည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့စွမ်းအား တပ် ပေါင်းစုတွေက အခမဲ့ကုသပေးနေတဲ့ ဆေးခန်းနဲ့ ဆိုင်ကယ် ၁၅ စီး မီးရှို့ဖျက်ဆီးခံ ခဲ့ရတယ်လို့ ပြောပါတယ်။

ဆေးခန်းမှာ ကုသခံယူနေရတဲ့လူနာ ၁၅ ဦး၊ ဆေးသင်တန်းတက်ရောက်နေသူ ၇၀ ဦး နဲ့ သက်ကြီးရွယ်အိုတွေကို PDF အဖွဲ့တွေက ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့် ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပြီးအတည်ပြုနိုင်ဖို့ ကြိုး စားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။