ထားဝယ်မှာ ကျောင်းသားလူငယ် ကိုးဦး အဖမ်းခံထားရ

2021.12.11
ထားဝယ်မှာ ကျောင်းသားလူငယ် ကိုးဦး အဖမ်းခံထားရ ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာန တတိယနှစ်ကျောင်းသူ မဇူးဇူးပြည့်စုံဝင်းနဲ့ ကိုကောင်းထက်စွမ်း တို့ကို တွေ့ရစဉ်
Photo: Dawei University Students' Union

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ဒီဇင်ဘာ ၉ နဲ့ ၁၀ နှစ်ရက်အတွင်း ကျောင်းသားလူငယ် ကိုးယောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေဟာ ထားဝယ်တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ လေးယောက် ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာ ထားဝယ်မြို့နယ် ကညုံကျွန်းရွာမှာ ဓာတုဗေဒဌာန တတိယနှစ်ကျောင်းသူ မဇူးဇူးပြည့် စုံဝင်း၊ ပထဝီဌာန ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မစံပါယ်ဖြူ အပြင် တခြား မိန်းကလေး နှစ်ယောက်နဲ့ ယောက်ျားလေးတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသားများသမဂ္ဂက ဖော်ပြ ထားပါတယ်။

ဖမ်းဆီးခံရသူတွေကို လောင်းလုံရဲစခန်းနဲ့ ထားဝယ်မြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း ထားဝယ်မြို့ပေါ် ရပ်ကွက်တစ်ခုမှာ ထားဝယ်တက္ကသိုလ် သင်္ချာ ကျောင်းသားဟောင်း ကိုအောင်ကိုလွင်နဲ့ ကိုကောင်းထက်စွမ်း အပါအဝင် လူငယ် ငါးယောက်ကို စစ်ကောင် စီက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထားဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး အခု ဒီဇင်ဘာလထဲမှာလည်း ဆက်လက်ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။