အင်အယ်လ်ဒီ မှတ်ပုံတင်ရေး ၁၈ ရက်နေ့ ဆုံးဖြတ်မယ်
2011.11.08

AFP
နိုဝင်လာလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်း ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့ အစည်းအဝေးကနေ ခုလို ဆုံးဖြတ်ခဲ့တာလို့ အင်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
လောလောဆယ်မှာ တည်ဆဲ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ရာနဲ့ ခြောက်ဦး ရှိပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင်တွေကို ၂၀၁၀ နှစ်ဦးပိုင်းက ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ကြတယ်လ့ို သိရပါတယ်။