ပါတီမှတ်ပုံတင်ရေး အင်န်အယ်လ်ဒီ ဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့မနက် ဆယ်နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပရာ ပါတီမှတ်ပုံတင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောကြားပါတယ်။

2011.11.22
assk-cec-meeting-305 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံပြန်တင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် NLD လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်။
NLD

မှတ်ပုံတင် လျှောက်ထားဖို့ တာဝန်ရှိသူနှစ်ဦး ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒီအပတ်ထဲမှာ သွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ဝင် ဆရာဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန်တို့ စုံစုံညီညီ တက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။