ဒေါ်အောင်ဆန်းစုကြည်ဟောပြော ချက် ဖွဲ့စည်းပုံဥပဒေနဲ့ ညီညွတ်တယ်လို့NLD တုန့်ပြန်
2014.06.02

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြော ချက်တွေထဲက တပ်မတော်အပေါ် တိုက်တွန်းချက်တွေ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြီး တုန့်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က မန္တလေးတိုင်းဒေသ ကြီး အောင်ပင်လယ်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်ရပါ မယ်။ ရင်ဆိုင်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြည်သူလူထုအတွက်အကောင်းဆုံးဖြစ်အောင် လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်း ကနေ ကျမတို့တွေ ပြင်ဆင်သွားမယ် လို့ ဟောပြော ခဲ့ပါတယ်။ အဲ့ဒီဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ဘောင်ထက် ကျော် လွန်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့စွဲနဲ့ အသိပေးအကြောင်း ကြား စာ ပေးပို့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (က) အရ မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို လွတ်လပ် စွာသုံးစွဲဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေကို ကြီးကြပ်တာနဲ့ ကြီးကြပ်ရမယ့် တာဝန်တွေကို ဥပဒေပါပြဌာန်းချက်တွေနဲ့သာ ဆောင်ရွက်ခွင့်ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခုလို ဝင်ရောက်သတိပေးတာဟာ လုံးဝမသင့်တော်ဘူးလို့ ပါရှိပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင် ပါပြီ။