ဘာသာရေး ရောယှက်မှုတွေကို အစိုးရက ဖြေရှင်းပေးဖို့ တိုက်တွန်း


2015.10.16
dr-thet-thet-khine-nld-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်သက်သက်ခိုင် ကိုတွေ့ရစဉ်
Photo: RFA

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဘာသာရေးရောယှက်မှုတွေရှိလာရင် အစိုးရအနေနဲ့ ဖြေရှင်းပေး ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက် တာ ဒေါ်သက်သက်ခိုင် က  တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဓမ္မစေတီဘုရားလမ်းမှာ ဒဂုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ဒေါက်တာ သက်သက်ခိုင်က ပြောခဲ့တာပါ။

"ဘာသာရေးဆိုတာလည်း လူတိုင်းကရှိကြတော့လေ ကိုယ်ယုံကြည်တဲ့ဘာသာကနေပြီးတော့မှ လမ်းကြာင်း လွဲနောက်ကို မဲဆွယ်သွားတာမျိုး ရှိလို့ရှိရင်လည်း ဒါစိုးရိမ်စရာအခြေအနေ တစ်ခုရှိပါတယ်ရှင့်၊ ဒါပေမဲ့ ဘယ်သူတွေကဝိုင်းထိန်းရမလဲဆိုတော့ ပထမဦးဆုံးတော့ အစိုရကထိန်းဖို့လိုတယ်ပေါ့နော်၊ အစိုးရကနေပြီး အခြေခံဥပဒေနဲ့မညီညွတ်တဲ့အတွက် ဒါဥပဒေနဲ့မညီညွတ်တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်ဆိုပြီးတော့မှ ဒါအစိုးရကနေပြီးတော့မှ ဝင်ထိန်းရမယ်"

ဒါ့အပြင် ဒဂုံမြို့နယ်အတွင်းမှာ ကြုံတွေ့နေရတဲ့ မဲပေးခွင့်ရှိသူစာရင်း မှားယွင်းမှုတွေ၊ မဲဆွယ်စည်းရုံးရေး ပိုစတာတွေ ဖျက်စီးခံရတာတွေနဲ့ မဲဆွယ်စည်းရုံးရေးမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကိုယ်စားလှယ်လောင်းတွေက ရှင်းပြခဲ့ပါတယ်။

ဒီ တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်သက်သက်ခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိမ်း၊ တိုင်းဒေသကြီးမဲဆန္ဒနယ်မြေ ၁ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးမဲဆန္ဒနယ်မြေ ၂ ဦးကျော်ဇေယျ တို့တက်ရောက်ခဲ့ကြပါတယ်။

ဒဂုံမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သောင်းကျော်နဲ့ မဲရုံပေါင်း ၁၂ ရုံရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။