NLD ညီလာခံပြီးစီးချိန်ကစလို့ ဗဟိုဦးစီးစနစ် မရှိတော့ကြောင်း ဦးဉာဏ်ဝင်းပြောကြား


2013.03.10
nld_congress_305.jpg ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြည်နယ်/တိုင်း အလိုက် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင်များစာရင်း ကို ကြေငြာခဲ့စဉ်
photo: NLD Congress Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုဦးစီးစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအားလုံး ဒီကနေ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပပြီးစီးချိန်ကစပြီး မရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

"ဗဟိုဦးစီးစနစ်ဆိုတာ ကျတော်တို့စီမံချက်မှာ လုံးဝမပါဘူး၊ ဒါပေမယ်လို့ လုံးဝကင်းနေတယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ဘူး၊ ဒါပေမယ်လို့ ဒီကနေ့ ၁၀ ရက်နေ့ကစလို့ ဗဟိုဦးစီးစနစ် မရှိတော့ဘူးလို့ ကျတော်ဒီလိုပဲပြောမယ်"

မတ်လ (၈) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့တဲ့ NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ရွေးချယ်ခံခဲ့ရတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေရဲ့ အစည်းအဝေးကိုတော့ ဧပြီလဆန်းပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။