ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လုမ္ဗနီက တဆင့်ပျံ့နှံ့စေလို


2014.06.15
dassk-lumini-305.jpg နီပေါနိုင်ငံ လုမ္ဗနီဥယျာဉ်ကို ဇွန်လ ၁၅ ရက်နေ့က အလည် အပတ်ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Phyo Zaya Thaw/RFA

ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗနီ အင်ကြင်းတော ကနေ ကမ္ဘာတစ်ဝှမ်းလုံးကို  ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပျံ့နှံ့စေလိုကြောင်း အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။

တနင်္ဂနွေနေ့မနက်က ကပ္ပိလဝတ်မြို့ လုမ္ဗနီကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ပြီး၊ လုမ္ဗနီကို လည်ပတ်ကြည်ညိုခဲ့ပြီးတဲ့နောက် ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဗုဒ္ဓဓမ္မနဲ့ ပတ်သက်ပြီးတော့လည်း ကျမအတွက်တော့ ဗုဒ္ဓဓမ္မက ငြိမ်းချမ်းရေးပါပဲ၊ လောကဟာ စဉ်ဆက်မပြတ် ပြောင်းလဲနေတာပါ၊ ဘာတစ်ခုမှ ထာဝစဉ်တည်တံ့မနေပါဘူး၊ ကျမအတွက်တော့ အဲဒီအသိကိုက ငြိမ်းချမ်းမှုနဲ့ အင်အားတွေကို ရရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လုမ္ဗနီမှာရှိတဲ့ မြန်မာဘုန်တော်ကြီးကျောင်းမှာ မြန်မာသံဃာတော်တွေကို ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။