ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

"ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါကျမ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။"

2011.09.15
assk-democracy-day-200.jpg ၂ဝ၁၁ စက်တင်ဘာ ၁၅ ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။
NLD

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမမှာ ဒီကနေ့ မနက်က ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာ ဖြစ်ပြီး တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ လူတိုင်း တာဝန်သိသိ စဉ်းစားရမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ ရချင်ရင်၊ ဒီမိုကရေစီ ခိုင်မြဲချင်ရင်၊ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်တွေ မွေးမြူရမှာ ဖြစ်ပြီး နေ့စဉ်နေ့တိုင်းကို ဒီမိုကရေစီနေ့လို့ သတ်မှတ်ပြီး အလုပ်လုပ်ရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ အခမ်းအနားမှာ သဘာပတိ အဖြစ် ဆောင်ရွက်တဲ့ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး ကလည်း အမှာစကား ပြောကြားခဲ့ပါတယ်။

အမျိုးသား ခေါင်းဆောင်ကြီးနဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ စနစ်သာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း၊ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထူထောင်ရမယ်လို့ အမျှော်အမြင် ကြီးစွာ လမ်းညွှန် မိန့်ကြားခဲ့ဖူးကြောင်း အစချီပြီး အခုအခါမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူပြီး မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ အခြေချဖို့ ကြိုးပန်းနေနိုင်ပြီ ဖြစ်ကြောင်း၊ ဦးတင်ဦးက ပြောဆိုသွားတယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီအခမ်းအနားကို NLD ပါတီဝင်တွေ၊ နိုင်ငံရေး ပါတီ ကိုယ်စားလှယ်တွေ၊ ၈၈-မျိုးဆက် ကျောင်းသားတွေနဲ့ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်တယ်လို့လည်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း ကောက်နုတ်ချက် တချို့ကို ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-15 16:13

NLD က ပညာ၇ှိ ဘဘ တို. ခင်ဗျား.......ကြာသပတေး ကို တော. မှန်အောင်ေ၇း ကြစေချင်ပါ တယ်.....နိုင်ငံဂုဏ်
ဆောင် ပါတီ အခမ်းအနား ကြီး မှာဗျာ။