ရှမ်းနဲ့ ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ခြေနည်းတယ်လို့ ဒေါက်တာ ဇော်မြင့်မောင် ပြော


2018.10.22
dr-zawmyintmaung-622.jpg မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းနဲ့ ရခိုင်ဒေသတွေမှာ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောလိုက်ပါတယ်။

အဲဒီဒေသတွေမှာ ဘာသာစကား နားလည်မှုအားနည်းတာအပြင် ဖိအားအနည်းငယ်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ မဲဆန္ဒနယ် နှစ်ခုဟာ ခက်ခဲတဲ့နေရာတွေဖြစ်ကြောင်းနဲ့ ပြည်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်ကြောင်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ၁၃ နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲစစ်တမ်းတွေလည်း ကောက်ယူနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာဆိုရင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော်နေရာ နဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တို့မှာ လစ်လပ်နေတာဖြစ်ပါတယ်။

ချင်းပြည်နယ်ကလည်း အားနည်းတဲ့ဒေသမှာ ပါဝင်ပေမယ့် စည်းရုံးရေးကောင်းလာပြီဖြစ်တာကြောင့် စိုးရိမ်စရာ မရှိတော့ကြောင်း ဒေါက်တာ ဇော်မြင့်မောင် က ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့် က စည်းရုံးရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။