အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့မယ့် NLD ကိုယ်စားလှယ်အဖွဲ့ ကယားနဲ့ ရှမ်းခရီးစဉ်စတင်

ဇော်တူး
2021.01.10
အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့မယ့် NLD ကိုယ်စားလှယ်အဖွဲ့ ကယားနဲ့ ရှမ်းခရီးစဉ်စတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့ ကို ကချင်ပြည်နယ် မြစ်ကြီးနာမြို့မှာ ၂၀၂၀ ဒီဇင်ဘာ ၃၁ရက်နေ့က တွေ့ရစဉ်
Photo: Elizabeth / RFA

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့ဟာ ကယားနဲ့ ရှမ်းပြည်နယ်က အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမယ့် ခရီးစဉ် ဒီနေ့ စတင်ပါတယ်။

အရင်ဆုံး ကယားပြည်နယ်ကိုသွားပြီး ဒေသခံတိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီ ပြည်နယ်ရုံးမှာ တွေ့ဆုံမယ်လို့ NLD ရဲ့ အတွင်းရေးမှူး ၃ လည်းဖြစ် မကွေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ အောင်မိုးညိုက RFA ကို ပြောပါတယ်။

NLD ပါတီက တွေ့ဆုံဖို့အတွက် KySDP ပါတီကိုအကြောင်းကြားထားတာမရှိသေးသလို သူ့ကိုလည်း မဖိတ်ထားဘူးလို့ ဖရူဆိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော် နေရာမှာ အနိုင်ရထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ဦးဒီးဒီက ပြောပါတယ်။

ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံခါးနော်ဆမ်တို့ သုံးဦးဟာ ၂၀၂၀ ရွေးကောက် ပွဲနောက်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ ပါတီဗဟိုက တာဝန်ပေးထားသူတွေပါ။

ပထမဆုံးခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့က မြစ်ကြီးနားမြို့မှာ ပြည်နယ်ထဲက ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီ သုံးခုက ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့ဆုံခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒုတိယခရီးစဉ်အဖြစ် မွန်ပြည်နယ်က မွန်ညီညွတ်ရေးပါတီနဲ့ သွားရောက် တွေ့ဆုံရာမှာတော့ နှစ်ဘက်တွေ့ဆုံမယ့်နေရာ ညှိနှိုင်းမှု မပြေလည်တာကြောင့် တွေ့ဆုံပွဲပျက်ခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ KySDP ကနေ တစ်ပြည်နယ်လုံး ၃၄ နေရာရှိတဲ့အနက် ၈ နေရာ အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။