မန္တလေးတိုင်း နိုင်ငံရေးအကျဉ်းသားများကို NLD ပါတီ ဆက်လက်ကူညီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ယက်ဟာ မန္တလေးတိုင်း အတွင်းက နိုင်ငံရေး အကျဉ်းသား ၉ ဦးရဲ့ မိသားစု တစုကို ငွေကျပ် ငါးသောင်းကျစီ ဒီကနေ့ ကူညီခဲ့တယ်လို့ သိရပါတယ်။

2011.04.02
assk_prisoners_families_305_z.png ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
မြင်းခြံ၊ ကျောက်ပန်းတောင်းနဲ့ မန္တလေးမြို့တွေမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေရဲ့ နေအိမ်တွေကို ကွန်ယက်အဖွဲ့ဝင် လူငယ်တွေကိုယ်တိုင် ဒီကနေ့ သွားရောက် အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင့် ၂ ရာကျော် ရှိရာမှာ မန္တလေးတိုင်း အတွင်းက နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ရှိတယ်လို့ သိရပါတယ်။ အရင်က လစဉ် ၄ ဦးစီကိုသာ အကူအညီ ပေးလာရာကနေ အခု ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၉ ဦးရဲ့ မိသားစုဝင်တွေ အားလုံးကို အကူအညီ ပေးခဲ့တာလို့ ကွန်ယက်အဖွဲ့ဝင် ကိုမြင့်မော်က အာအက်ဖ်အေကို ပြောပါတယ်။

လက်ရှိ အစိုးရသစ် အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်ကြောင်း ကိုမြင့်မော်က အာအက်ဖ်အေကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကတည်းက စပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို လစဉ် အကူအညီ ပေးနေတဲ့ အစီအစဉ်လို့ သိရပါတယ်။

အလားတူပဲ မန္တလေးတိုင်းအတွင်းက မမာမကျန်း ဖြစ်နေသူတွေကို မန္တလေး အင်န်အယ်လ်ဒီ တိုင်း-ဥက္ကဋ္ဌ ဦးသိန်းတန် ဦးဆောင်တဲ့ ပါတီဝင်တွေက သွားရောက် ကူညီခဲ့ပုံကို အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက်က သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။