ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု
2012.07.10

ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို ဒီကနေ့ မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းမင်း၊ ဦးဗလ၊ ဦးမင်းသိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ကိုတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာတဲ့ လုပ်ဖို့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော်တို့ကို ပြောတယ်ဗျ။ ဘာကြောင့် ခွင့်မပြုဘူးဆိုတာ ဗိုလ်ချုပ်ကြေးရုပ်ကတဲ့ အမှတ်တရ ဖြစ်တယ်တဲ့၊ လွမ်းသူ့ပန်းခွေ ချခွင့်နေရာ မဟုတ်ဘူးပေါ့နော်။ ပဲခူးမြို့မှာ အာဇာနည်နေ့အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ ကြေးရုပ်လည်းမဟုတ်ဘူးပေါ့နော်။ မြို့လည်က ကြေးရုပ်ကို ထုထားတာပဲ ရှိတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာမဟုတ်ဘူး။ အဲဒီအတွက် သူတို့အနေနဲ့ လွမ်းသူ့ပန်းခွေ ချခွင့်မပေးနိုင်ဘူး။ အလေးပြုခွင့် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်မှာမှ ကျွန်တော်တို့က လွမ်းသူ့ပန်းခွေမချ အလေးမပြုရရင် ကျွန်တော်တို့က ဘယ်နေရာ သွားလုပ်ရမှာတုန်း။ ဒါဆိုခင်ဗျားတို့ အာဏာပိုင်က သတ်မှတ်ပေး။ ဘယ်နေရာမှာ လုပ်ပါဆို ကျွန်တော်တို့ လာလုပ်မယ်ဆိုတော့လည်း ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားပါတဲ့”
သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။