ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ NLD ဖွဲ့စည်း


2015.02.10

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အဖွဲ့ဝင် ၁၉ ဦးပါတဲ့ ဗဟိုရွေးကောက် ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း NLD က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် ပထမဆုံးအကြိမ် အစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ NLD ရုံးချုပ်မှာပြုလုပ်မယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က RFA ကို ပြောပါတယ်။

"ကျမတို့ကတော့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတာပေ့ါနော်၊ ကိုယ့်ဖက်က ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ ကြိုတင်ပြင်ဆင်ထားတာလေ၊ ကျမတို့ ပထမဆုံး အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ခေါ်ထားပါတယ်၊ လုပ်ငန်းစဉ်တွေကို ပြည်နယ်တိုင်းတွေ အကုန်လုံးခေါ်ထားပြီး စပြီးဆွေးနွေးပါမယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ လကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပပေးမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် NLD က မြန်မာတစ်ပြည်လုံးက မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ ဝင်ရောက်အရွေးချယ်ခံမယ်လို့လည်း ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ လွှတ်တော်ထဲရောက်နေတဲ့ NLD ပါတီက ကိုယ်စားလှယ်တွေ ပြန်လည်ဝင်ရောက်အရွေးခံဖို့ရှိတယ် လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။