ဖြူးမြို့မှာ အပြိုင်မဲဆွယ်စည်းရုံး
2015.09.12

အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးနည်းဟာ အမှန်ခြစ်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနဲ့ နှိပ်ရမှာဖြစ်တဲ့အတွက် မဲပေးနည်းကို ပြည်သူတွေနားလည်စေဖို့ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဘယ်လိုမဲပေးရမယ်ဆိုတာကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ ပါတယ်။
မဲပေးပုံအသစ်ဖြစ်လာတဲ့အတွက် အများသိအောင် ပြုလုပ်ရတာကို ဖြူးမြို့နယ် အင်န်အယ်လ်ဒီအဖွဲ့ဝင် မစုစုတင် က ပြောပါတယ်။
"ဒီစတေကာလှုပ်ရှားမှုရဲ့ အမှန်တကယ်ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ အခုကျမတို့ တချို့တွေ ဟာ ရွေးကောက်ပွဲ မဲထည့်ရတဲ့ဥစ္စာကို ကြုံတာတွေရှိတယ်လေ၊ ဒီဘက်ရွေးကောက်ပွဲကို မမီခဲ့တဲ့ လူတွေရှိတယ်၊ အသက် ၁၈ နှစ် အရင်ကမပြည့်ခဲ့တာ၊ အဲ့တာတွေဟာ ဒီစတေကာလှုပ်ရှားမှုကြောင့် ကျမတို့ဟာ ဒီအဖွဲ့ချုပ် ဒီအကွက်မှာ ပေးလို့ရတယ်ပေါ့နော်၊ ဒီတံဆိပ်လေးနဲ့ဆိုတော့ အရင်တုန်းကကျတော့ ကျမတို့က ဘောပင်လေးနဲ့ပဲခြစ်ရတဲ့ဥစ္စာ၊ ဒီဥစ္စာကို တံဆိပ်တုံးလေးထုရတယ်ဆိုတဲ့ အနေအထားကိုလည်း သိစေချင်တယ်၊ နောက်ပြီးတော့ ဒါကျမတို့ရဲ့ စည်းရုံးရေးလည်းတစ်မျိုးပေါ့နော်၊ အမေစုပုံတွေ ပါတဲ့ အတွက်ကြောင့်မို့လို့"
ဖြူးမြို့မှာ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမှာဖြစ်သလို ဒီကနေ့ ဒုတိယနေ့အဖြစ် ဆက်လက် မဲဆွယ်စည်းရုံးနေပါတယ်။
သူရဦးရွှေမန်းက သူဟာ ဖြူးမြို့နယ်ကို ဂုဏ်ပြုလိုတဲ့အတွက် လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်း ဒီနေ့ မဲဆွယ်ရာမှာ ပြောခဲ့ပါတယ်။
ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် နေရာတွေအတွက် ကိုယ်စားလှယ်လောင်း ၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။