ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.02.04

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို ဒီကနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၁၂၄) နဲ့ ဒီကနေ့ညက သူနေထိုင်တဲ့ ရန်ကုန်၊ မြောက်ဥက္ကလာပ နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး နေပြည်တော်ကို ခေါ်ဆောင်သွားတာပါ။

''ဘာမှ နိုင်ငံတော်အကြည်ညိုပျက်တာမဟုတ်ဘူး၊ မင်းအောင်လှိုင်နဲ့ အုပ်စုကို အကြည်ညိုပျက်တာ နိုင်ငံတော်သပ်သပ် မင်းအောင်လှိုင်က သပ်သပ်" လို့ အဖမ်းခံရစဉ် လမ်းမှာ ဦးဝင်းထိန်က RFA ကိုပြောပါတယ်။

ပြည်သူတွေကို ဘာသတင်းစကားပြောချင်လဲလို့ RFA ကမေးမြန်းရာမှာတော့ "ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် စဉ်းစဉ်းစားစားနဲ့ ကောင်းတာထင်တာ အကုန်လုပ်ကြပါ" လို့ ဦးဝင်းထိန်က ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကိုကန့်ကွက်ဆန့်ကျင်တဲ့ အနေနဲ့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်ကြဖို့လည်း ဦးဝင်းထိန်က တိုက်တွန်းခဲ့တာပါ။

လတ်တလောမှာ မြန်မာနိုင်ငံတွင်းက မြို့တော်တော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံပုံးတီးလှုပ်ရှားမှုတွေ များပြားလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

THEIN WIN
2021-02-04 19:36

This is final battle
Let us united and strike to military coup by together till ended.