မင်းတပ် လွှတ်တော်နေရာအားလုံး NLD ပြန်နိုင်


2020.11.09
chin-voter-622.jpg ချင်းပြည်နယ်က မဲဆန္ဒရှင်တဦး။
Photo: RFA

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ (၂) ကိုယ်စားလှယ်နေရာ (၄)နေရာစလုံးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိနိုင်သွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော် ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က မဲစာရင်း ရလဒ်တွေကတော့ နိုဝင်ဘာ ၁၀ရက်နေ့မှ ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရောက်ရှိမယ်လို့ ဆိုပါတယ်။

သွားလာရခက်ခဲတဲ့ ချင်းပြည်နယ်က မြို့နယ်တော်တော်များများရဲ့ မဲစာရင်းတွေဟာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီ သယ်လာတဲ့လမ်းမှာပဲရှိသေးတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ်က မဲဆန္ဒနယ် (၄) ခုလုံးမှာ NLD နိုင်ခဲ့တာပါ။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။