လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အားလုံး NLD အနိုင်ရ


2020.11.09
nld-candidates-622.jpg ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများ။
Photo-Citizen Journalist

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ စုစုပေါင်းလွှတ်တော် (၄) နေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တွေ အနိုင်ရသွားပါတယ်။

လောင်းလုံးမြို့နယ်  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၇၆၈၁၆ ဦးတွင် ခိုင်လုံဆန္ဒမဲ  ၇၄၇၇၀ မဲ ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်ခင်စန္ဒီက  ဆန္ဒမဲ ၆၅၁၃၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဦးစိုးမင်းက ဆန္ဒမဲ ၈၈၂၈ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးတင်ရှိန်က ဆန္ဒမဲ ၈၀၆ မဲ ရရှိခဲ့ကြတာကြောင့် NLD က ၈၇ ဒဿမ ၁၁  ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) မှာ ဆန္ဒမဲလာပေးသူ ၇၆၁၈၉ ဦးတွင်  ခိုင်လုံဆန္ဒမဲ ၇၅၁၆၀ မဲရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ဥမ္မာခင်က ဆန္ဒမဲ ၆၄၀၉၂ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီက ဦးနေမျိုးက ဆန္ဒမဲ ၉၉၇၉ မဲနဲ့ ပြည်ထောင်စု  ကောင်းကျိုးဆောင်ပါတီက ဦးမြင့်သိန်းက ဆန္ဒမဲ ၁၀၈၉ မဲ ရရှိခဲ့တာကြောင့် NLD  ပါတီက ၈၅ ဒဿမ ၂၇ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ ဆန္ဒမဲလာပေးသူ ၄၀၂၃၂ ဦးမှာ ခိုင်လုံဆန္ဒမဲ ၃၉၈၁၆ မဲရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  ဦးဗိုလ်ထွေးက ၃၄၀၇၈ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာဝင်းအောင်က ၄၀၆၃ မဲ၊ ထားဝယ်တိုင်းရင်းသားများပါတီက ဦးဟိန်းမင်းဦးက ၁၂၇၁ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက ဦးအုန်းကြည်က ၄၀၄ မဲ ရရှိခဲ့တာကြောင့် NLD ပါတီက ၈၅ ဒဿမ ၅၉  ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှာ ဆန္ဒမဲလာပေးသူ ၃၅၉၅၆ ဦးမှာ ခိုင်လုံဆန္ဒမဲ ၃၅၁၉၄ မဲရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  ဦးမြင့်စန်းက ၂၈၈၈၃ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက  ဦးကျော်ကျော်က ၄၆၅၉ မဲ၊ ထားဝယ်တိုင်းရင်းသားများပါတီက ဦးမောင်မောင်အေးက ၁၀၈၀ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးခင်မောင်လှက ၃၈၁ မဲနဲ့  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဦးဖိုးမြင့်က ၁၉၁ မဲ ရရှိခဲ့တာကြောင့်  NLD ပါတီက ၈၂ ဒဿမ သုည ၇ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်  မဲဆန္ဒနယ်တစ်ခုလုံးမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ ၁၂၇၅၇၄ ဦးရှိပြီး  လောင်းလုံးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ  ဆန္ဒမဲပေးခွင့်ရှိသူ ၆၄၃၈၀ ဦးနဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)  မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၃၁၉၄ ဦးရှိခဲ့ပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။