NLD ပါတီ၏ နိုင်ငံရေးသင်တန်းများ ရက်ရွှေ့ဆိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်တဲ့ ဆရာအဖွဲ့က လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ပြုလုပ်မဲ့ နိုင်ငံရေးသိပ္ပံ သင်တန်းကို ရက်ရွှေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

2011.06.09
NLD_HQ_office_305_z.jpg အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“သင်တန်း ပို့ချမဲ့ ဆရာတွေဖက်ကလည်း သူတို့ဖက်က အဲဒီ သင်ကြားမှု ကိစ္စတွေ ဘာတွေနဲ့ ဒီရက်ထဲမှာ အလုပ် ကျပ်နေတယ်။ ဒါက တချက်ပေါ့၊ နောက်တခုက အင်္ဂလိပ်လို သူတို့က ပို့ချတဲ့အချိန်မှာ ကျွန်တော်တို့က translate လုပ် ဘာသာပြန်ပြီးတော့ ကျွန်တော်တို့ဖက်က လူတွေက ပြောပေးရဦးမှာကိုး။ အဲဒီ ဘာသာပြန်ပေးမဲ့ ဆရာတွေကလည်း တခြားအလုပ်တွေနဲ့ တအား occupy ဖြစ်နေတယ်။ သူတို့လည်း မအားမလပ်နိုင်အောင် ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ အချိန်ပိုရအောင် ဆိုပြီးတော့ ရက်ရွှေ့လိုက်တာပဲ။”

အခုလို အခက်အခဲတချို့ ရှိလို့ သင်တန်း ရက်ရွှေ့လိုက်တာ ဖြစ်သလို၊ လာမဲ့ ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် NLD ရုံးချုပ်မှာ အလုပ်များနေတဲ့အတွက် သင်တန်းရွှေ့လိုက်ရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် သင်တန်း ဖွင့်နိုင်မဲ့ရက်ကို ပြန်ပြီး ကြေညာပေးမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကတော့ ရန်ကုန်မြို့ ဗေဒါကျောင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နိုင်ငံရေးသိပ္ပံ သင်တန်းကိုတော့ အာဏာပိုင်တွေက ဒေါက်တာ ကျော်ရင်လှိုင်ကို ဖိအားပေးလို့ ဖျက်လိုက်ရတယ် ဆိုတဲ့ သတင်း RFA က ထုတ်လွှင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-09 20:03

အေးဗျ ၊ ကျော်ရင်လျိုင် က နှစ်ဘက်ချွန်ဘဲ