သမတတာဝန်မယူမီ ဝန်ကြီးခန့်အပ်ခြင်းမှာ ဥပဒေနှင့်မညီ
2011.03.08

(Photo: AFP/MRTV 4)
ဒီလုပ်ဆောင်ချက်ဟာ
စစ်အစိုးရက သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ဖြစ်သလို၊ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက်
ပ့ါမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီတွေကလည်း တာဝန် ပျက်ကွက်နေတာ တွေ့ရတယ်လို့
NLD က ထောက်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနေ့ ထုတ်တဲ့ ကြေညာချက်မှာ အဲဒီလို ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီးတော့ သမတအဖြစ် ရွေးချယ်ခံထားရသူက ဆောင်ရွက်ခွင့် ဥပဒေအရ အပ်နှင်းထားတာ ကျွန်တော်တို့ မတွေ့ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ ပါတီတွေ အနေနဲ့ကလည်း ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြသင့်တယ်လို့ ကျွန်တော်တို့ ဖော်ပြတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ထောက်ပြ ဝေဖန်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတဲ့ အမြင်အရ ဥပဒေအရ မကိုက်ညီတာကို ပြည်သူလူထု သိအောင် ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။