အဂတိလိုက်စားမှု ဟောပြောပွဲ အင်န်အယ်ဒီ ကျင်းပ

ဒီကနေ့ မတ်လ ၂၄ ရက် နေ့လည်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ အဂတိ လိုက်စားမှု အကြောင်း ဆွေးနွေး ဟောပြောပွဲ တရပ် ကျင်းပခဲ့ပါတယ်။

2011.03.24
nld_youths_305_z.jpg အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီဆွေးနွေးပွဲမှာ စီးပွားရေး ပညာရှင် ဦးမျိုးမြင့်က အဓိက ဟောပြော ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုဝင်း က အခုလို ပြောပြပါတယ်။

“ဒီနေ့ ဟောပြောပွဲက ကျွန်တော်တို့ စီးပွားရေး ပညာရှင် ဦးမျိုးမြင့်ကနေပြီးတော့ ဟောပြောတာ။ ဆွေးနွေးတဲ့ ခေါင်းစဉ်က အကျင့်ပျက် ခြစားမှု။ တက်ရောက်တာကတော့ ဘဘ ဦးတင်ဦးတို့၊ ဘဘ ဦးဝင်းတင်တို့ကနေပြီးတော့ NLD လူငယ်တွေရော၊ အခြား စိတ်ဝင်စားတဲ့ လူငယ်တွေရော၊ လူကြီးတွေရော တက်ရောက် ဆွေးနွေးပါတယ်ခင်ဗျ။”

ဒီဆွေးနွေးပွဲကို အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်တို့လည်း တက်ရောက်ပြီး ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

အန်အယ်ဒီ အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ ဗဟုသုတ ရရှိနိုင်ဖို့ အခုလို ဆွေးနွေးပွဲတွေ ကျင်းပရတာ ဖြစ်ကြောင်း အန်အယ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်သူ စုစုပေါင်း ၅၀ ကျော်လောက် ရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။