စစ်အစိုးရ သတင်းစာဆောင်းပါးများ ခြိမ်းခြောက်မှုအဖြစ်သာ NLD ရှုမြင်
2011.02.19

စီးပွားရေး ပိတ်ဆို့အရေးယူမှုအပေါ် ထုတ်ပြန်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး စစ်အစိုးရ သတင်းစာတွေမှာ NLD ကို ခြိမ်းခြောက် ရေးသားနေသလို၊ NLD အနေနဲ့ လူထုကို တောင်းပန်ရမယ်လို့ ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာ ဆောင်းပါးမှာ ရေးသားထားပါတယ်။
ဒီလို ရေးသားတာ၊ ခြိမ်းခြောက်တာမျိုးတွေဟာ စစ်အစိုးရ အဆက်ဆက်မှာ လုပ်လေ့ရှိတယ်လို့လည်း NLD ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ကျနော် ကာကွယ်ရေးဦးစီးချုပ် ဘဝတုန်းက တပ်မတော်ပါတီကော်မတီဆိုတာ ရှိတယ်။ အဲဒီ ကော်မီတီအောက်မှာ Public Realationship လူထုဆက်ဆံရေး ဌာနကြီးဆိုတာရှိတယ်။ အဲဒီမှာ သူတို့က လူတွေ မွေးထားတယ်။ ဖိုးရေးချင်တွေ အများကြီး ရှိတယ်ဗျ။ သူတို့ကနေပြီးတော့ တပ်မတော် ပါတီကော်မတီက ဘာလေးရေးပေးပါလို့ ချပေးလိုက်ရင် သူတို့က ကလောင်စွမ်း ပြတာပဲ။ ကော်လံလေးဘာလေး စားကြတာပေါ့ဗျာ။ အဲဒီလို ကလောင်သွေးနေတဲ့လူတွေ အများကြီးပေါ့။ အဲဒါတွေ ကျနော်တို့က သိပ် ဂရုမစိုက်ပါဘူး၊ သူတို့ ပြောချင်တာ ပြော။ ခြိမ်းေခြောက်နေတာပါပဲ”
မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ပြေလည်ပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ NLD က တောင်းဆိုနေတာကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားပေးဖို့ ပြန် တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်အစိုးရကို ထောက်ခံသူတွေဘက်ကလည်း ပိတ်ဆို့ရေး ရုပ်သိမ်းဖို့ တောင်းဆိုနေပါတယ်။ မြန်မာ စစ်အစိုးရကို ပိတ်ဆို့ အရေးယူထားတဲ့ အမေရိကန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေသမျှ အရေးယူမှု ရုပ်သိမ်းဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဒု- ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |