ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီကို မွန်ပြည်သစ်ပါတီ တိုက်တွန်း
2022.10.15

မြန်မာ့နိုင်ငံရေး အကြပ်အတည်းကိုဖြေရှင်းဖို့ ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ လိုတယ်လို့ မွန်ပြည်သစ်ပါတီ(NMSP) က အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က ၁၄ ရက်နေ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဒီကနေ့ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ သူတို့ မွန်ပြည်သစ်ပါတီတင်မဟုတ်ဘဲ ဆန့်ကျင်ဘက်အဖွဲ့တွေကိုလည်း တွေ့ဆုံဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေး အမြန်ရနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားလုံးဆွေးနွေးဖို့လိုတယ်လို့ မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထု အသက်အိုးအိမ်ဆုံးရှုံးတာတွေ ထပ်မလိုလားတော့ဘူးလို့လည်း မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။ စစ်ခေါင်းဆောင်နဲ့ ဘာတွေ ဆွေးနွေးခဲ့ကြလဲ၊ ဘယ်လိုသဘောတူညီချက်တွေရခဲ့လဲဆိုတာ အသေးစိတ်မေးမြန်းဖို့ မွန်ပြည်သစ်ပါတီဘက်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်ပြည်သစ်ပါတီဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ဖြစ်သင့်ဖြစ်ထိုက်တာကို အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်မှာဖြစ်သလို၊ လက်ရှိအာဏာသိမ်းထားတာဟာလည်း ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်နေတာ၊ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်နေတာလို့လည်း ဆိုထားပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ နောက်ထပ်ဆွေးနွေးဦးမယ်လို့ ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ နောက်ထပ်ဆွေးနွေးဦးမယ်လို့ ထုတ်ပြန်ပါတယ်။