မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မေလစမည်


2018.04.12
nmsp-mon-public-talk-622.jpg မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရေးမြို့နယ် ရေးချောင်းဖျားဒေသ ညီစားခန်းမှာ ကျင်းပစဉ်
Photo: RFA

လာမယ့် မေလအတွင်းမှာ အမျိုးသားအဆင့် ၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်မှာ ကျင်းပသွားဖို့ မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ပါတယ်။

မူလက နေရာ ငါးနေရာခန့်မှာ လူထုတွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားပေမယ့် ရက်အကန့်အသတ်ရှိတဲ့အတွက် အစီအစဉ်ပြောင်းလဲလိုက်တာလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောပါတယ်။

"ကျနော်တို့ နဂိုစီစဉ်ထားတဲ့အတိုင်းမဟုတ်ဘဲ အပြောင်းအလဲနည်းနည်းတော့ရှိမယ်၊ ရက်တွေသိပ်ကပ် သွားတယ် အဲဒီတော့ လုပ်လ့ိုမပြတ်နိုင်ဘူး၊ မပြီးနိုင်ဘူး၊ ဧပြီလ နောက်ဆုံးပတ်မှာ ကျနော်တို့ ဝယ်ဇင်မှာ NCA ဆိုင်တဲ့ ရှင်းလင်းပွဲတရပ် ထပ်လုပ်မယ်၊ နောက်ရေးမှာ ကျင်းပဖို့လျာထားတဲ့ အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေး ပွဲက မေလ ပထမပတ်ထဲမှာ ပြီးအောင်လုပ်ဖို့ ကျနော်တို့ အဲ့လိုမျိုး စီစဉ်ထားတာ ရှိပါတယ်"

မွန်ပြည်သစ်ပါတီဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပေမယ့် ကရင်ပြည်နယ်နဲ့ တနင်္သၤာရီ တိုင်းတွေမှာရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေမှာ ပါဝင်ခွင့်ရဖို့ လက်ရှိအချိန်မှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ရေးမြို့နယ် ရေးချောင်းဖျားဒေသ ညီစားခန်း သုံးရက်ကြာကျင်းပခဲ့ပြီး မွန်ဆရာတော် သံဃာတော်တွေ၊ မွန်ပါတီက ကိုယ်စားလှယ်တွေ၊ မွန်အရပ်ဖက်အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မွန်လူမျိုး ၂ဝဝ ကျော် တက်ရောက်ခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။