ပညာရေးဥပဒေ ကြားနာပွဲအတွက် NNER ပြင်ဆင်မှုပြုလုပ်


2015.03.15
dr-theinlwin-nner-305 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ဒေါက်တာသိန်းလွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဆော်လမွန်တာဝါမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Thiha Tun/ RFA

နေပြည်တော်အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကြားနာပွဲမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ပြောပါတယ်။

လာမယ့် မတ်လ ၁၇ ရက်နေ့ ကြားနာပွဲကို NNER ကိုယ်စားလှယ်တွေတက်ရောက်မှာ ဖြစ်ပြီး ကျောင်း သားတွေကို လွှတ်ပေးဖို့တောင်းဆိုသွားမယ်လို့ NNER အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။

" သူတို့ဘက်ကမေးမြန်းမယ့်ကိစ္စတွေမှာလဲ ကျနော်တို့ ဘက်က ရှင်းပြစရာရှိတာရှင်းပြသွားမှာပါ၊ ကျနော် တို့ဘက်က ၁၁ ချက်ကတော့ တရားမျှတမှုရှိ တယ်၊ ဒါတွေဟာ ဒီမိုကရေစီပညာရေးနဲ့ ကိုက်ညီမှုရှိတယ်၊ ဖြစ်သင့်ဖြစ်ထိုက်တယ်၊ ပြင်သင့်တဲ့ကိစ္စတွေကို ကျနော်တို့ကထောက်ခံပြီးတော့ဆွေးနွေး သွားမှာပေါ့၊ ဖမ်းထားတဲ့ကျောင်းသားတွေ အမြန်ဆုံးပြန် လွှတ်ပေးဖို့ကိုလဲ လေးပွင့်ဆိုင်ရလဒ်ကိုလဲ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဖို့ အတွက်ကို အားလုံးကညှိညှိနှိုင်းနှိုင်းနဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ပြောဖို့အတွက် ကျနော်တို့က တက်တာပါ "

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကြားနာပွဲ ပထမနေ့ကို သပိတ်မှောက် ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်မှု မရှိခဲ့သလို မတ်လ ၇ ရက်နေ့မှာလည်း NNER ကိုယ်စားလှယ်တွေကလည်း မတက်ရောက်ခဲ့ကြပါဘူး။

အမျိုးသားလွှတ်တော်က သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ် တွေကို ကြားနာပွဲ တက်ရောက်ဖို့ ထပ်မံဖိတ်ကြားခဲ့ရာ NNER ကိုယ်စားလှယ်တွေက မတ်လ ၁၇ ရက် နေ့မှာ တက်ရောက်ဖို့ အကြောင်းပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။