ထွန်တုံးတိုက်ပွဲ ကူညီပေးသူတွေ အာမခံမရ


2013.07.09

ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲကြတဲ့ တောင်သူတွေကို အကူအညီပေးတဲ့အတွက်  ဖမ်းဆီးခံထားရတဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့င် ၃ ဦးကို ဒီကနေ့ အမှုရုံးချိန်းမှာ အာမခံမပေးဘူးလို့ သိရပါတယ်။

ဒီအမှုဟာ အာမခံမပေးနိုင်တဲ့အမှုဖြစ်ပေမယ့် ခံန်လက်မှတ်ထိုးပြီး အာမခံပေးဖို့ လျှောက်ထားတာကို ဒီကနေ့တရားရုံးက ပယ်ချလိုက်တာလို့ အမှုကိုကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

" အမှုအသွားအလာအရ သူတို့တရားစစွဲတင်စဉ်ကိုက ဥပဒေနဲ့ မညီညွှတ်ဘူးလို့ပဲ ကျနော့်ဘက်က ပြောချင်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဒီအမှုသည်များဟာ ထွက်ပြေးတိမ်းရှောင်သွားမှာလည်း မဟုတ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ခံဝန်တဲ့ အာမခံပေးဖို့သင့်ပါတယ်လို့ ကျနော်တို့ဘက်က ပြန်လျှောက်ပါတယ်၊ ရုံးတော်ကတော့ အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်နေတဲ့အတွက် အာမခံမရဘူးလို့ ဒီနေ့အမိန့်ချပါတယ်"

နတ္တလင်းမြို့က ကိုသန့်ဇင်ထက်၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ကို သင်းဖွဲ့ဥပဒေပုဒ်မ- ၆ နဲ့ တရားစွဲထားတာဖြစ်ပြီး နတ်တလင်းက ကိုသန့်ဇင်ထက်တစ်ဦးတည်းကို ပုဒ်မ -၁၈နဲ့ ထပ်မံတရားစွဲထားတာဖြစ်ပါတယ်။

အဲ့ဒီ ၃ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဒီကနေ့အမှုရုံးချိန်းဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီနေ့အမှုရုံးချိန်းကို တောင်သူ ၃ဝဝ လောက် လာရောက်အားပေးနားထောင်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။