လွှတ်တော်တွင်းမှာ ငြင်းခုံခွင့် မရှိကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
2011.02.01

စကားပြောကောင်းတဲ့သူက
ပိုပြီးငြင်းခုံနိုင်မှာဖြစ်လို့ ငြင်းခုံခြင်းအားဖြင့် အချိန်ကုန်မခံနိုင်ကြောင်း၊
ငြင်းခုံနေလို့ အလုပ်ဖြစ်မှာ မဟုတ်တဲ့အတွက် အငြင်းအခုံတွေကို ခွင့်မပြုကြောင်း မြန်မာ့အသံက
လွှင့်သွားတဲ့ သူ့ရဲ့မိန့်ခွန်းကို နားထောင်လိုက်ရသူတဦးက ပြောပါတယ်။
“အဲဒီ လွှတ်တော်ထဲမှာ ငြင်းခုံနေလို့ရှိရင် စကားပြောကောင်းတဲ့လူက ပြောနေရင် စကားနိုင်လုနေမယ်၊ အဲလိုမျိုးပေါ့၊ တမျိုး ဖြစ်သွားမယ်ပေါ့။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောနေတာ ဝိုင်းရယ်နေတာပေါ့၊ အဲဒီမှာ ဟာသဖြစ်နေတာ။ လွှတ်တော်ကြီး လုပ်နေပြီး တကဲ့ ကလေးအဆန်ဆုံး အကွက်ဖြစ်နေတယ်။”
တနင်္ဂနွေညနေပိုင်းက ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ အဲဒီ ပြောကြားချက်ကြောင့် လူအတော်များများ စိတ်ပျက် ဒေါသထွက်ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ယဉ်ကျေးမှုုဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးခင်အောင်မြင့်ဟာ သတင်းစာရှင်းလင်းပွဲတွေမှာ သဘောထား တင်းမာသူ တယောက်အဖြစ် တွေ့ရတယ်လို့ ပြည်တွင်း သတင်းစာဆရာတွေက ပြောဆိုကြပါတယ်။