ကပ်ဘေးသင့် ဂျပန်ရောက် မြန်မာများအတွက် သံရုံးအကူအညီ မရရှိ

ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးကနေ အခုချိန်ထိ ဆက်သွယ် ကူညီတာမျိုး မလုပ်သေးဘူးလို့ သိရပါတယ်။

2011.03.14
quake_japan_evacue_305_z.png ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က ငလျင်ကြီး၏ ဒဏ်နှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံရပြီးနောက် ဆင်းဒိုင်မြို့ရှိ ခိုလှုံရေးစခန်းတခုတွင် ဒုက္ခသည်များကို နေရာချထားပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒါဟာ သံရုံးကို နှစ်စဉ်အခွန်ငွေတွေ ပေးဆောင်နေတဲ့ မြန်မာနိုင်ငံသားတွေအပေါ် တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နေထိုင်တဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“အဲ အခု ဒီမှာ ရှိနေတဲ့ ဗမာသံရုံးကတော့ ဘာမှ ဆက်သွယ်လာတာကို ကျွန်တော်တို့ မကြားသိရသေးဘူး။ နောက်ပြီးတော့ အဲဒီနယ်တွေမှာ တချို့နယ်တွေမှာ ဆိုလို့ရှိရင်လည်း ငလျင်ဒဏ်တွေ ရှိတယ်ပေါ့နော်။ တောက်လျှောက် ငလျင်ဒဏ်တွေ ရှိနေသေးတယ်။ တချို့နယ်တွေမှာဆို ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေ ရှိတယ်။ သူတို့ အခွန်တွေ ပေးထားတဲ့ လူတွေကိုတောင်မှ သူတို့ ဘာမှ ထိထိရောက်ရောက် မဆက်သွယ်နိုင်သေးဘူး ဆိုလို့ရှိရင်တော့ ကျွန်တော်တို့လိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ လူတွေဆိုရင် ပိုတောင်မှ ဝေးပါသေးတယ်။ သူတို့အနေနဲ့ ဆက်သွယ်လာဖို့ဆိုတာ။ လက်ရှိအစိုးရအနေနဲ့ ဂျပန်ရောက်နေတဲ့ ပြည်သူပြည်သားတွေကို ကာကွယ် ကူညီ စောင့်ရှောက်ဖို့ ဆိုတာ အင်မတန်မှ ဝေးနေသေးတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ တိုင်းပြည်ဟာ တော်တော်လေးတော့ ရင်နာဖို့ ကောင်းပါတယ်ခင်ဗျ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိဂျပန်နိုင်ငံမှာ ကပ်ဘေးဒဏ်တွေအပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံတွေက ပေါက်ကွဲမှုတွေကြောင့် အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ တနေ့အတွက် လျှပ်စစ်မီး သုံးနာရီပဲ ရတယ်လို့ ကိုဖုန်းမြင့်ထွန်းက ပြောပါတယ်။

ဖူကူရှီးမား ဓာတ်အားပေးစက်ရုံမှာ မတ်လ ၁၁ ရက် သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အအေးပေးတဲ့ စနစ်ချို့ယွင်းလာပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ နျုကလီးယားဆိုင်ရာ ပညာရှင်တွေက သတိပေးထားပါတယ်။

ငလျင်နဲ့ ဆူနာမီဒဏ်ခံ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့နောက်ဆုံးအခြေအနေတွေ အကြောင်း RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-15 13:17

ကိုဘုန်းမြင့်ထွန်းကလဲ လုပ်ချလိုက်ပြန်ပြီ ၊ Tokyo မှာနေနေပြီးတော့ လျှပ်စစ်က တနေ့ ကို ( ၃ ) နာရီပဲ ရတာလား ၊ တနေ့ ကို အချိန် (၃) နာရီပဲ မြို့ နယ်အလိုက် တဒင်္ဂ ဖြတ်တောက်မယ်လို့ ပြောတာကို ဂျပန်သတင်းဌာန တွေမှာသေချာပြန်ကြည့် ပြီးမှ ပြောပါဗျာ ။ RFA အနေနဲ့ လည်း သတင်းရင်းမြစ်ကိုသေချာလေ့ လာစုံစမ်းပြီးမှ ဖော်ပြသင့်ပါတယ် ။

Anonymous
2011-03-14 23:01

တိုကျိုရှိမြန်မာသံရုံး၊ ဒီနေ့  ၁၅-၃-၂၀၁၁ ၁နာရီမှာ ပြန်ဖွင့်တယ်လို့  ရေးထားပါတယ်။

Check in http://www.myanmar-embassy-tokyo.net/


ငလျှင်မလှုပ်ခင်၊ လှုပ်နေစဉ်နဲ့  လှုပ်ပြီး အချိန်တွေမှာ လိုက်နာ ဆောင်ရွက်သင့်တဲ့ TOKYO METROPOLITIAN GOVERNMENT က ထုတ်ထားတဲ့ လမ်းညွှန်ချက်ပါ။ အင်္ဂလိပ် နဲ့ ဂျပန် (၂) ဘာသာနဲ့ ပါ။ ဒါကို ဖြန့် ဝေခြင်း၊ ရှင်းပြခြင်းများဖြင့် မြန်မာလူမျိုး အချင်းချင်း ကူညီကြ ရအောင်။

Download at – http://www.myanmar-embassy-tokyo.net/eq/eq-survival-manual.pdf