အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲကျင်းပ

အနာဂတ် နိုင်ငံတည်ဆောက်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အကြောက်တရားကင်းဝေးပြီး ယုံကြည်ရာ ပြောဝံ့ဆိုဝံ့ လုပ်ကိုင်ဝံ့ရှိလာဖို့၊ ဒီမိုကရေစီ တည်ဆောက်ရာမှာ တက်တက် ကြွကြွ ပါဝင်လိုတဲ့ လူငယ်လူရွယ်တွေ ဖြစ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲ ဒီနေ့ ကျင်းပပါတယ်။

2012.02.05
min-ko-naing-release-305 သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ကြိုဆိုနေကြသူများ။
Photo Courtesy of 7Days News Journal

အထက်ပုစွန်တောင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးအဖွဲ့မှာ ကျင်းပတာ ဖြစ်ပြီး အကြောက်တရားကင်းဝေးရေး စာတမ်းတွေဖတ်ကြားနှီးနှောဖလှယ်တာလို့ ဒီအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ကျောင်းသားရေးရာကော်မတီတာဝန်ခံ ကိုဝေဖြိုးအောင်က ပြောပါတယ်။

ဖတ်ကြားတဲ့ စာတမ်းတခုနှင့် တခုကြား performance အနုပညာသရုပ်ပြပွဲလည်း တင်ဆက်ခဲ့ပါတယ်။

အခမ်းအနားမှာ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ကြပြီး ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အစရှိသူတို့က လူငယ်တွေကို အကြောက်တရားကင်းဝေးရေး လက်ဆင့်ကမ်း အမှာစကား ပြောကြားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-08 01:16

I LOVE , A MAY SU , MA SUSU NWE AND KO MINN KO NAING