ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ


2013.04.21
ssa-hq-b305 ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတဝိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။
RFA

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေ တဲ့အတွက် တန့်ယန်းမြို့၊ အောင်မင်္ဂလာကျောင်းတိုက် မှာဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ စတင်တွေ့ကြုံနေရပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်းမှာ ဒေသခံဒုက္ခသည်တွေ နေ့စဉ် လိုလို လာရောက်ခိုလှုံနေကြရာမှာ အခုဆိုရင် ဒုက္ခသည် ၅၀၀ နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့  ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးစိုင်းလှရွှေက RFA ကို ပြောပါတယ်။

"စားနပ်ရိက္ခာက အခြေအနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ ထပ်ရောက်တဲ့သူတွေကို ပေးဖို့မရှိတော့ဘူး၊ အိုးခွက်၊ ပန်းကန်တွေလည်းလိုတယ်"

အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အကူအညီပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးအတွက် အစားအသောက်နဲ့ ခြုံစောင်တွေ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။