နေပြည်တော်နဲ့ ပဲခူးက မြို့နယ်ငါးခုကို နေအိမ်မှာနေထိုင်ရေးအမိန့် ထုတ်ပြန်

2021.07.06
နေပြည်တော်နဲ့ ပဲခူးက မြို့နယ်ငါးခုကို နေအိမ်မှာနေထိုင်ရေးအမိန့် ထုတ်ပြန် ပြည်မြို့မှာ lock downချပြီးနောက် ပြည်-ရွှေတောင်ကြား ဆင်မကြပ်ဂိတ် အခြေအနေကို ၂၀၂၁ ဇူလိုင် ၇ရက်နေ့က မြင်တွေ့ရစဉ်
Photo: ရွှေတောင် info

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေများလာတဲ့ နေပြည်တော်က မြို့နယ်နှစ်ခုနဲ့ ပဲခူးတိုင်းက မြို့နယ်သုံးခုကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ဇူလိုင်လ ၇ ရက် မနက် ၄ နာရီက စပြီးတော့ နေအိမ်မှာ နေထိုင်ရေး (Stay at Home)အမိန့် ထပ်တိုး ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်က ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ ပဲခူးတိုင်းက တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်နဲ့ ပြည်မြို့နယ်တို့ကို ထုတ်ပြန်လိုက်တာပါ။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်ပေါင်း ငါးခုအပါအဝင် နေအိမ်မှာနေထိုင်ရေး (Stay at Home) အမိန့် ထုတ်ပြန်တာ တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၁ ခုထိ ရှိလာပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ မနေ့က ဇူလိုင်လ ၆ ရက် ည ၈ နာရီအထိ အချိန် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၆၀၂ ဦး တွေ့ရှိရသလို အတည်ပြု လူနာ ၅၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

မနေ့က အထိဆိုရင် တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူပေါင်း ၁၇၁,၉၇၆ ဦး ရှိနေပြီး သေဆုံးသူကလည်း လူပေါင်း ၃,၅၁၃ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။