အပစ်ရပ် လက်မှတ်ထိုးမှာ မဟုတ်ကြောင်း NSCN-K နာဂ အဖွဲ့ပြော


2019.06.03
nscn-k-622 နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
nagasconnect.com

နာဂ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ NSCN-K ခေါ် နာဂလဲန် အမျိုးသား ဆိုရှယ်လစ်ကောင်စီ ကက်ပလန်အဖွဲ့က အစိုးရစစ်တပ်နဲ့ NCA အပစ်ရပ်လက်မှတ် လုံးဝရေးထိုးမှာမဟုတ်ကြောင်း ပြောဆိုလိုက်တယ်လို့ News 18 အိန္ဒိယ သတင်းစာက ဖေါ်ပြပါတယ်။

နေပြည်တော်က ထပ်ခါတလဲ အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းနေပေမယ့် နာဂအမျိုးသားတွေရဲ့ အချုပ်အခြာအာဏာအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာအနေနဲ့ နာဂအပေါ် အရေးမစိုက် ဂရုမထားပါဘူး၊ အပစ်ရပ်ဆွေးနွေးနေတဲ့ ခုနှစ်နှစ်တာပတ်လုံး သူတို့အကျိုးအတွက်သာဖြစ်နေတာပါ၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း NCA ကို အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခဲ့ပေမယ့် မထိုးခဲ့ပါဘူး၊ အဲဒီနောက်တော့ သူတို့ ဖြတ်လေးဖြတ် စံနစ် ကျင့်သုံးတော့တာပါပဲလို့ NSCN-K ရဲ့ လူထု ဆက်ဆံရေး အရာရှိ ဂျိုးဇက် လမ်ကင် ကပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။

ရေရှည်ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ဖို့ မူလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို တပ်မတော်က ဖိတ်ကြားခဲ့ပေမယ့် အဖွဲ့ ခုနှစ်ဖွဲ့က ငြင်းဆန်တာ၊ ဆွေးနွေးနေစဉ်အတွင်း ထွက်ခွာသွားတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။