အနုမြူစစ်ဆေးရေး သဘောတူစာချုပ် မြန်မာလက်ခံ


2013.09.16

ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ IAEA အနေနဲ့ မြန်မာနိုင်ငံမှာ ဝင်ရောက်စစ်ဆေးခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိတော့မှာဖြစ်ပါတယ်။ မြန်မာနဲ့ IAEA ကြား နောက်ဆက်တွဲ သဘောတူညီချက်တစ်ရပ်ကို လာမယ့် သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်အရ IAEA စစ်ဆေးရေးအဖွဲ့ဟာ နျူကလီးယားကိစ္စ ဆောင်ရွက်နေကြာင်း ကြေညာထားတဲ့နေရာတွေကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး IAEA အကြီးအကဲနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လာမယ့်သီတင်းပတ်အင်္ဂါနေ့ IAEA ရုံးစိုက်ရာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ လက်မှတ်ရေးထိုးကြမယ်လို့ IAEA ကြေညာချက်မှာဖော်ပြပါတယ်။

အခုလို မြန်မာအစိုးရက သဘောတူလက်မှတ်ရေးထိုးဖို့ လက်ခံလိုက်တဲ့အတွက် မြန်မာနဲ့ မြောက်ကိုရီးယားကြား လျှို့ဝှက်အနုမြူ အစီအစဉ်တွေ ရှိနေနိုင်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ သံသယလျော့ပါးပြေပျောက်သွားမှာဖြစ်ပါတယ်။

အခုလို IAEA နဲ့ နောက်ဆက်တွဲ သဘောတူညီချက် သဘောတူလက်မှတ်ရေးထိုးပြီး နိုင်ငံပေါင်း အခုထိ ၁၂၁ နိုင်ငံ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။