NUG က ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေ စတင်ရောင်းချ

2021.11.22
NUG က ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ ငွေတိုက်စာချုပ်တွေ စတင်ရောင်းချ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချတဲ့ အထူးငွေတိုက်စာချုပ်တွေကို တွေ့ရစဉ်
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ အထူးငွေတိုက်စာချုပ် တွေကို ပထမ အသုတ်အနေနဲ့ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်မှာ စတင်ရောင်းချလိုက်ပြီလို့ ကြေညာ လိုက်ပါတယ်။

နှစ်နှစ်သက်တမ်းရှိပြီး အတိုးမဲ့သတ်မှတ်ထားကာ ရောင်းချလို့ရရှိလာမယ့် ငွေတွေကို စစ်အာဏာရှင် ဆန့်ကျင်ရာမှာ အသုံးပြုဖို့ NUG က ရည်ရွယ်ထားတာပါ။

NUG က ရောင်းချမယ့် ငွေတိုက်စာချုပ်အမျိုးအစား လေးမျိုးရှိပြီး အနည်းဆုံး ဒေါ်လာ ၁၀၀ တန်ကနေ ဒေါ်လာ ၅၀၀၊ ဒေါ်လာ ၁၀၀၀ နဲ့ ဒေါ်လာ ၅၀၀၀ အထိ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ငွေတိုက်စာချုပ်ဆိုတာဟာ အစိုးရတစ်ရပ်အနေနဲ့ ငွေကြေးလိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ငွေချေးယူတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီငွေတိုက်စာချုပ်တွေဟာ ချေးယူသူနဲ့ ငွေချေးပေးသူတွေကြားက ငွေချေးသဘောတူစာချုပ်ဖြစ်ပြီး အတိုးမဲ့၊ အတိုး စသဖြင့် အမျိုးအစားမျိုးစုံ ရှိပါတယ်။

လက်ရှိ NUG က ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေဟာ အတိုးမဲ့ဖြစ်ပြီး နှစ်နှစ်အကြာမှာ ပြန်လည်ထုတ်ယူ နိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဘတင့်
2021-11-22 10:32

ဝယ်ယူပြီး လှူဒါန်းလိုပေမဲ့ အနည်းဆုံးက ကျပ်၂ သိန်းတန်ဖိုး ရှိပြီး နိုင်ငံခြားဘဏ်ငွေစာရင်း မရှိတာကြောင့် ဝယ်လှူဖို့ မစွမ်းနိုင်သလို ဖြစ်နေလို့ စိတ်မသက်သာခံစားရတယ်

myat moe
2021-11-22 10:32

web link or instruction to buy????