NUG ကို အသိအမှတ်ပြုဖို့ ဗြိတိန်ဝန်ကြီးတွေကို ဒေါ်ဇင်မာအောင် တောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.02.07
NUG ကို အသိအမှတ်ပြုဖို့ ဗြိတိန်ဝန်ကြီးတွေကို ဒေါ်ဇင်မာအောင် တောင်းဆို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly တို့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က လန်ဒန်မြို့တွင် တွေ့ဆုံစဉ်။
Ministry of Foreign Affairs NUG/Facebook

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဗြိတိန်နိုင်ငံအစိုးရအကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly၊ အတိုက်အခံပါတီကိုယ်စားပြု အာရှ-ပစိဖိတ်ရေးရာဝန်ကြီး Catherine West နဲ့ မြန်မာ့အရေးပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Rushanara Ali တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် သတ်မှတ်ဖို့နဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ဘက်ကတောင်းဆိုခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။

326914173_743878343743336_7295102878232848626_n.jpg
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန် Labour Party လွှတ်တော်အမတ် Rushanara Ali တို့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က လန်ဒန်မြို့တွင် တွေ့ဆုံစဉ်။

ဗြိတိန်အစိုးရတာဝန်ရှိသူတွေဘက်ကလည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပြီး နိုင်ငံတကာအနေနဲ့ မြန်မာပြည်အရေး ပိုမိုဆောင်ရွက်ဖို့လိုတယ်လို့ ဗြိတိန်ဝန်ကြီး Catherine West က တွေ့ဆုံပွဲပြီးနောက် သူ့ရဲ့လူမှုကွန်ရက် တွစ်တာမှာရေးပါတယ်။

326522750_1119283128767633_3776000490783662019_n.jpg
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန် Labour Party လွှတ်တော်အမတ် Catherine West တို့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က လန်ဒန်မြို့တွင် တွေ့ဆုံစဉ်။

ဒေါ်ဇင်မာအောင်ဟာ ဗြိတိန်ခရီးစဉ်ပြီးရင် အမေရိကန်ပြည်ထောင်စုကို သွားဖို့ရှိပြီး အစိုးရတာဝန်ရှိသူတွေ မြန်မာပြည်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။