မြန်မာ ကိုရင်နဲ့ သီလရှင်တွေ နာဂစ် မုန်တိုင်းဒဏ်သင့် မိဘမဲ့ အဖြစ် အသုံးချခံရ
2010.10.08
ပြီးခဲ့တဲ့ ၂၀ဝ၈နဲ့ ၂၀ဝ၉ ခုနှစ်က မြန်မာကိုရင်နဲ့သီလရှင် ၁၀ဝ ကျော်ကို ခေါ်ဆောင်သွားတဲ့ သီရိလင်္ကာ ဘုန်းကြီး ဒေါက်တာစန္ဒိမာ ခေါ် Dr. Bodagam Chandima က နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေ အဖြစ် ပြောဆိုပြီး နိုင်ငံတကာကို အလှုခံခဲ့တယ်လို့ အာအက်ဖ်အေက စုံစမ်း သိရှိရပါတယ်။
ဒါပေမယ့် ကိုရင်ငယ်နဲ့သီလရှင်ငယ်လေးတွေရဲ့ နေထိုင် စားသောက်ရေးတွေကို အပြည့်အဝ တာဝန် မယူတာကြောင့် ကလေးတွေ အလွန် ဒုက္ခရောက် နေကြတယ်လို့လည်း သိရပါတယ်။ ဒီကလေးတွေ ပြန်လာနိုင်ဖို့ သီတဂူ ဆရာတော်က လက်မှတ်ဖိုး ကုန်ကျငွေကို စိုက်ထုတ်ပေးပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘို မြို့တော်မှာ ရှိတဲ့ မြန်မာသံရုံးက စီစဉ်ပေးနေတယ်လို့ သံရုံး တာဝန်ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်။
"လောလောဆယ် ကတော့ ၃၅ ဦးပေါ့။ ၁၈ ရက်နေ့ည၊ ၁၉ ရက်နေ့မနက်စောစော လေယာဉ်နဲ့ မြန်မာနိုင်ငံ ပြန်ကြမှာ မှန်ပါတယ်။ အဲဒီအတွက်လဲ လေယာဉ်လက်မှတ်တွေ၊ ခရီးသွား အထောက်အထားတွေ ကျနော်တို့ သံရုံးမှာ စုစည်း ထားပြီးပါပြီ။ သီတဂူ ဆရာတော်ကနေ ကပ္ပိယ တဦး နှစ်ဦး လွှတ်ပြီး လာခေါ်မယ် ပြောပါတယ်။ သီလရှင်က ၂၄ ပါး၊ ကိုရင် ၁၁ ပါးပါ။ ဒီကို လာပြီး တနှစ်လောက် ရှိတော့ မပျော်လို့ပြန်မယ် ပြောပါတယ်။ စာသင်တဲ့ နေရာမှာလဲ သူတို့ ထင်သလောက် မသင်ရဘူး ဆိုတော့ ပြန်ချင်တယ် ဆိုတော့ သီတဂူ ဆရာတော်ကြီးက ပြန်ချင်ရင်ပြန်ဖို့ သူ လမ်းစရိတ် ထုတ်မယ် ဆိုတာနဲ့ ပြန်ဖြစ်တာပါ။ ကျနော်တို့ သံရုံးက ဝိုင်းကူညီ ပေးလိုက်တာပါ။"
ဒေါက်တာစန္ဒိမာ ခေါ်လာတဲ့ ကိုရင်နဲ့ သီလရှင်တွေဟာ နာဂစ် မုန်တိုင်းသင့် ဒေသက လုံးဝ မဟုတ်ပဲ ရန်ကုန် ရွှေပြည်သာ မြို့နယ်မှာ ရှိတဲ့ တေဇာရာမ ဘုန်းတော်ကြီး ပညာရေးကျောင်းနဲ့ ကလေးဝ တောရ (နာဂလိုဏ်ဂူ) က ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် သီရိလင်္ကာ နိုင်ငံတွင်း ဘာသာရေး လုပ်ငန်း တိုးမြှင့် လုပ်ဆောင်ဖို့ ဆိုပြီး စစ်အစိုးရကို မြန်မာ ကိုရင်လေးတွေ သီရိလင်္ကာနိုင်ငံကို စေလွှတ်ပေးဖို့ မေတ္တာရပ်ခံ ခဲ့တဲ့အတွက် ရွှေတိဂုံ ဘုရားပေါ်မှာ မြန်မာ ကလေးတွေကို ရှင်သာမဏေပြုပွဲ ကျင်းပပေးပြီး ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာစန္ဒိမာရဲ့ အင်တာနက် စာမျက်နှာ မှာတော့ မြန်မာ မိဘမဲ့ ကလေးတွေ နေထိုင်ဖို့ အဆောက်အဦး ဆောက်လုပ်ရန် ဆိုပြီး ကလေးတဦး အတွက် လစဉ် အသုံးစရိတ် အဖြစ် အမေရိကန် (၃၅) ဒေါ်လာစီ လှုဒါန်း နိုင်ကြောင်း ဖေါ်ပြထား ပါတယ်။
ဒေါက်တာ စန္ဒိမာရဲ့ လုပ်ငန်းတွေ အတွက် အဓိက လှုဒါန်းတဲ့ အလှုရှင်တွေဟာ ထိုင်ဝမ် နိုင်ငံသားတွေ ဖြစ်ပါတယ်။
အခုလို မြန်မာကိုရင်နဲ့ သီလရှင်တွေ အသုံးချ ခံရတာဟာ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တွေရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ အရှင် ဦးအိဿရိယ က မိန့်ပါတယ်။
"အခုတော့ ကလေးတွေက အကုန် ဒုက္ခရောက်ပြီးတော့ မြန်မာနိုင်ငံသား ရဟန်းသံဃာတွေနဲ့ တွေ့လို့သာ၊ နောက်ဆုံး ဆရာတော် ဦးဉာဏိဿရတို့နဲ့ ဆက်စပ်ပြီးတော့ ဒါဟာ ပြန်လုပ်ပေးနေရတယ်။ တကယ်ဆိုရင် ဒါဟာ နိုင်ငံတော်က တာဝန်ရှိတဲ့အတွက် နိုင်ငံတော်က လုပ်ပေးရမှာ။ အခုတော့ သူတို့က တာဝန်မယူဘဲ လျစ်လျူရှု ထားတဲ့ အတွက်ကြောင့် ဒီကလေးတွေဟာ ဒုက္ခ မရောက်သင့်ဘဲ ရောက်နေတယ်။ နိုင်ငံတကာကို အလှူခံဖို့ မျောက်ပြ ဆန်တောင်း အဖြစ်ခံ နေရတာဟာ မိမိနိုင်ငံက လူကြီးတွေရဲ့ တာဝန်မဲ့မှုက အခရာ ကျပါတယ်။"
သီရိလင်္ကာရောက် မြန်မာကိုရင်နဲ့ သီလရှင်တွေ ကိစ္စနဲ့ပတ်သက်လို့ သီရိလင်္ကာနိုင်ငံက မြန်မာသံရုံးကို အာအက်ဖ်အေက အသေးစိတ် စုံစမ်း မေးမြန်းထားဆဲ ဖြစ်ပါတယ်။