NVC ကဒ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦး အသတ်ခံရ


2017.11.09
nvc-622.jpg ရခိုင်ပြည်နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို ဇွန်လ ၂၁ ရက်နေ့က NVC ကတ်ထုတ်ပေးစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

NVC ကဒ်လုပ်ပေးရာမှာ ဝိုင်းဝန်းကူညီတဲ့ ရွာသူကြီးတွေ ဆက်တိုက်အသတ်ခံနေရပြီး ၃ လအတွင်း ၁၈ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုတွေ ထပ်ပြီးရှိနေတဲ့အတွက် အစိုးရနဲ့ပူပေါင်းဆောင်ရွက်ဖို့ ကြောက်ရွံ့နေ ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

"ရွာလူကြီးတွေက NVC ကဒ်လုပ်တဲ့နေရာမှာ ဝိုင်းဝန်းကူညီတဲ့အတွက် ပစ်မှတ်ထားပြီး သတ်ဖြတ်တာ ခြိမ်းခြောက်တာတွေလုပ်လို့ ရွာလူကြီး ၃ ယောက်လောက်ပျောက်နေတယ်၊ ၁၈ ယောက်ကတော့ အသတ်ခံခဲ့ရတယ်"

ပြီးခဲ့တဲ့ နိုဝင်္ဘာ ၅ ရက်နေ့ကလဲ ဘူးသီးတောင် မောင်တောမှာ NVC ကဒ်အတွက် ပူးပေါင်း ဆောင်ရွက်တဲ့ ရွာသူကြီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်သူတွေဟာ ARSA အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်ပြီး၊ မဖမ်းဆီးမိသေးကြောင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

NVC စိစစ်ရေးကို လက်ရှိမှာ ဘူးသီးတောင် မောင်တောဒေသတွေမှာ လုပ်ဆောင်နေပြီး အရင်က NVC ကဒ် ထုတ်ယူသူ တနေ့ကို ၁၀ ဦးခန့်ဘဲရှိခဲ့ရာက အခုအခါ ၁၀၀ ဝန်းကျင်အထိ ထုတ်ပေးနေရကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။