ရေနံချောင်းက အုတ်ရှစ်ကုန်းရွာမှာ ရွာလုံးကျွတ်ဖျားနာနေ

2021.08.17
ရေနံချောင်းက အုတ်ရှစ်ကုန်းရွာမှာ ရွာလုံးကျွတ်ဖျားနာနေ မကွေးတိုင်း ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာပြ မြေပုံကို တွေ့ရစဉ်
Photo: Google Maps

မကွေးတိုင်း ရေနံချောင်းမြို့နယ်က အုတ်ရှစ်ကုန်းကျေးရွာမှာ သြဂုတ်လဆန်းပိုင်းကတည်းက ရွာလုံးကျွတ် နီးပါး ဖျားနာနေကြပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ယောက် က RFA ကို ပြောပါတယ်။

"အိမ်ခြေ ၇၀၀ လောက်ရှိတာမှာ လူအကုန်လုံးပဲ တစ်အိမ်တစ်ယောက်နှုန်းကတော့ ဖျားနေကြတာပဲ။ တစ်ရွာလုံးလောက်ပဲလို့ ပြောလို့ရတယ်။ အိမ်ရှိလူအကုန် မဖျားတဲ့သူမရှိ အနည်းအပါးလောက်ပဲ မဖျားတာလို့ ပြောလို့ရတယ်"

သေဆုံးသူ ခုနစ်ယောက်အထိရှိရာ အများစုက အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ ဖြစ်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာဟုတ်၊ မဟုတ် အတည်မပြုနိုင်ပေမယ့် ပြီးခဲ့တဲ့ တစ်လကျော်က အဲဒီရွာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ နှစ်ယောက်ရှိခဲ့ပါတယ်။

အုတ်ရှစ်ကုန်းကျေးရွာမှာ မြို့နယ်ကျန်းမာရေးမှူး နှစ်ယောက်ရှိနေပြီး အတက်နိုင်ဆုံး ကုသပေးနေပေမယ့် မြို့နယ်ကျန်းမာရေးမှူးတွေနဲ့ ပရဟိတအဖွဲ့အတွက် အကာအကွယ်ဝတ်စုံတွေ၊ ရွာအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီက အသက် ၆၀ နဲ့ အထက်ရှိသူတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေးမယ်လို့ ကြေညာ ထားပေမယ့် လက်ရှိအချိန်အထိ အဲဒီရွာမှာ ဘယ်လိုထိုးရမယ်ဆိုတာမျိုး ပြောဆိုလာတာ မရှိဘူးလို့ ဆိုပါ တယ်။

အုတ်ရှစ်ကုန်းကျေးရွာရှိတဲ့ ရေနံချောင်းမြို့နယ်ထဲမှာ ဩဂုတ်လ ၁၄ ရက်နေ့ကနေ ၁၅ ရက်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့သူ နှစ်ယောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေ မယ့်လည်း မြေပြင်မှာ ပိုးတွေ့အတည်ပြုလူနာအရေအတွက်နဲ့ ကွဲလွဲနိုင်တယ်လို့ ပရဟိတ လုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီကနေ မှာယူထားတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinopharm အလုံးရေ တစ်သန်းဟာ လာမယ့်အပတ်ထဲမှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး နောက်ထပ် ၂၄ သန်းကိုလည်း မှာယူသွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီပိုင် MRTV မီဒီယာမှာ ဩဂုတ်လ ၁၆ ရက်နေ့ ညက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။