ရွာလူကြီးများ အလွဲသုံးစားလုပ်မှု အုတ်ဖိုမြို့နယ် ဒေသခံများ ဆန္ဒပြ


2015.05.25

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ တပ်ဆွဲကျေးရွာမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး မြစိမ်းရောင်စီမံကိန်းအတွက် ထုတ်ပေးတဲ့ချေးငွေတွေကို ကျေးရွာကြီးကြပ်ရေးကော်မတီက အလွဲသုံးစားလုပ်နေတယ်ဆိုပြီး ရွာသား ၅၀ကျော်က ဒီနေ့ အုတ်ဖိုမြို့မှာ ဆန္ဒပြကြပါတယ်။

အစိုးရက ထုတ်ချေးပေးတဲ့ငွေတွေကို တပ်ဆွဲကျေးရွာ မြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် ခုနစ်ဦးက အလွဲသုံးစားလုပ်ထားတာကြောင့် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ တောင်သူ ဦးအုန်းကျော်က ပြောပါတယ်။

ကျေးရွာသားတွေကို ငွေကျပ်ငါးသောင်းကနေ နှစ်သိန်းအထိ ထုတ်ချေးခဲ့ပေမယ့် ကော်မတီဝင်တွေကတော့  ငါးသိန်းအထိ ချေးယူနေတာရှိတဲ့အပြင် ပြီးခဲ့တဲ့နှစ်ကလဲ  ငွေချေးယူတဲ့ တောင်သူတွေဆီက စာရွက်စာတမ်းကြေးဆိုပြီး ငွေကျပ်တစ်ထောင်စီ ကောက်ခံခဲ့တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

တပ်ဆွဲကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင်တွေကတော့ သူတို့ ကော်မတီဝင်တွေအနေ နဲ့ ငွေအလွဲသုံးစားလုပ်တာမရှိဘူးလို့ ပြောပါတယ်။

မြစိမ်းရောင်စီမံကိန်းကို မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖံ့ွဖြိုးရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပီး  RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။